နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟဇ်ဘိုလာအဖွဲ့၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားလေးဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရဟု အစ္စရေးစစ်တပ်ပြော

အောက်တိုဘာလ (၁၄) ရက်။

ရှီယိုက်အစ္စလာမ္မစ်ဟဇ်ဘိုလာအဖွဲ့၏ မောင်းသူမဲ့လေယာဉ်ဖြင့် အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ မြောက်ပိုင်းရှိ စစ်အခြေစိုက် စခန်းတစ်ခုကို အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းက တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်သားလေးဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုနှင့် အစ္စရေးစစ်တပ်က ပြောဆိုထားပါသည်။

အစ္စရေးစစ်တပ်၏ အဆိုအရ ဟစ်ဇ်ဘိုလာ၏ မောင်းသူမဲ့လေယာဉ်က တဲလ်အဗစ်မြောက်ပိုင်း ဘင်ရာမီနာအနီးရှိ အစ္စရေးစစ်တပ်၏ အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။ ၎င်းစခန်းသည် လက်ဘနွန်နယ်စပ်မှ ၆၄ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သားလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ တိုက်ခိုက်မှုအတွင်း လူပေါင်း ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအရေးပေါ်ဌာနက ပြောသည်။

ထိုနေ့တွင်ပင် ဟစ်ဇ်ဘိုလာက အစ္စရေး ခြေလျင်လေ့ကျင့်ရေး အဆောက်အအုံကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ၁၀ ရက်နေ့၌ လက်ဘနွန်ကို အစ္စရေး၏ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ တနင်္ဂနွေနေ့က တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ဘနွန်တောင်ပိုင်းတွင် တပ်စွဲထားသည့် အစ္စရေးစစ်တပ်၏ ဂိုလာနီတပ်မဟာကို ပစ်မှတ်ထားသည်ဟု ဟဇ်ဘိုလာက ပြောပါသည်။ ယင်းတိုက်ခိုက်မှု မပြုလုပ်ခင်က ဟစ်ဇ်ဘိုလာက အစ္စရေးတို့ သတ်ဖြတ်လိုက်သည့် ၎င်းတို့၏ခေါင်းဆောင် ဟက်ဆန် နာဆရယ်လာ၏ ပြောဆိုခဲ့သည့် “ကျွန်ုပ်တို့၏လူမျိုး၊ ကျွန်ုပ်တို့၏မိသားစု၊ ကျွန်ုပ်တို့နိုင်ငံ၊ ကျွန်ုပ်တို့၏တန်ဖိုးနှင့် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကို ကာကွယ်ရန်” ဟူသော အသံဖိုင်ကို ထုတ်ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာက ဘင်ရာမီနာကို တိုက်ခိုက်ခဲ့သည့်နေ့ရက်တွင် အစ္စရေး၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က ပြန်လည်ပစ်ချနိုင်ခဲ့သည့်သတင်းများ ထွက်ပေါ်ခြင်း မရှိပေ။ စုံစမ်းစစ်ဆေးမှုတွင် ဒရုန်းသည် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှောင်လွှဲကာ အစ္စရေးပိုင်နက်အတွင်းသို့ ဝင်ရောက်နိုင်ပုံကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေးကို သီတင်းနှစ်ပတ်က စတင်ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်နေ့ကစ၍ အစ္စရေးက ဟစ်ဇ်ဘိုလာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာ လက်ဘနွန်တွင် လူ ၁၅၀၀ ကျော် သေဆုံးပြီး ၈၀၀၀ ကျော် ဒဏ်ရာရခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက