နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်သည် Fox သတင်းတင်ဆက်သူနှင့် စစ်ပြန် ပိ့ဟက်ဂ်ဆက် (Pete Hegseth) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်

နိုဝင်ဘာလ (၁၄) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ရန် Fox News သတင်းဌာန၏ စီစဥ်တင်ဆက်သူနှင့် စစ်မှုထမ်းဟောင်းတဦးဖြစ်သူ ပိ့ဟက်ဂ်ဆက်ကို ရွေးချယ်ခဲ့သည်။

ပိ့ဟက်ဂ်ဆက်ကို ရွေးချယ်မှုသည် ထရန့်၏အဖွဲ့၀င်များမှ ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုအဖြစ် သတ်မှတ် ခံရသူများထဲတွင် ပိ့ဟက်ဂ်ဆက် မပါဝင်ကြောင်း ဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

ရွေးကောက်ခံသမ္မတသည် ပိ့ဟက်ဂ်ဆက်နှင့် ကာလကြာရှည်စွာ ဆက်ဆံရေးရှိနေခဲ့ပြီး သူသည် ပိ့ဟက်ဂ်ဆက်အား “စမတ်ကျ” သည်ဟု အမြဲထင်မှတ်ပြီး ၎င်း၏ အသက်မွေး ဝမ်းကြောင်း အလုပ်အပေါ် အထင်ကြီးလေးစားနေသူဖြစ်သည်။ ပိ့ဟက်ဂ်ဆက် သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏စာအုပ်တွင် သူ၏စစ်တမ်းတွင် အမှုထမ်းခြင်းကို ထရမ့်က သဘောကျကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထရန့်၏ ပထမအကြိမ်သမတသက်တမ်းတွင် ဟက်ဂ်ဆက်အား သဘောကျခဲ့ပြီး စစ်မှုထမ်းဟောင်း ရေးရာဌာနကို ဟက်ဂ်ဆက်အား ဦးဆောင်ရန် အကျဉ်းချုံးစဉ်းစားသောအခါ၊ အထက်လွှတ်တော်မှ အတည်ပြုရန် မရရှိနိုင်ကြောင်းသတိပေးချက်ကြောင့် မခန့်ဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထရန့်၏ ဝန်းကျင်ပတ်လမ်းအတွင်းမှ အများအပြားသည် ၎င်း၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ ဟက်ဂ်ဆက်သည် တနင်္လာနေ့အထိ ကာကွယ်ရေးဝန်ကြီးနေရာအတွက် ထိပ်တန်း ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် စဥ်းစားမှုတွင် မပါသေးကြောင်း ထရန့် အကြံပေးတစ်ဦးကဆိုခဲ့ပြီး Fox သတင်းဌာန အစီအစဥ်တင်ပြသူ (ဟက်ဂ်ဆက်) အား ပြီးခဲ့သော ၂၄ နာရီအတွင်းတွင်မှ အဆိုပါရာထူးအတွက် အင်တာဗျူး ပြုလုပ်ခဲ့ပါသည်။

ဟက်ဂ်ဆက်ကို ထရန့်၏ရွေးချယ်မှုသည် ယခင်၎င်း၏ပထမသက်တမ်းတွင် ပင်တဂွန်စစ်ဌာနချုပ်ကို ဦးဆောင်ရန် ကြယ်လေးပွင့်ဗိုလ်ချုပ် ဂျိမ်းမက်တစ် (James Mattis) နှင့် တပ်မတော်ကာကွယ်ရေး အတွင်းဝန် မာ့ခ် အက်စပါ (Mark Esper) ကိုရွေးချယ်ခဲ့စဉ်က နှင့်သိသိသာသာ ကွာခြားသွားခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ထရန့် သည် ထိုအတွင်းဝန်နှစ်ဦးစလုံးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး မက်တစ်က ရာထူးမှနှုတ် ထွက်သွားခဲ့ပြီး အက်စပါ ကို ထုတ်ပယ်ပြီးနောက် ၎င်းတို့နှစ်ဦးအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက CNN သို့ ပြောကြားရာတွင် “ လူတိုင်း ထိတ်လန့်နေကြသည်” ဟု ပြောကြားခဲ့သည်။ အမည်မဖော်လိုသူက CNN နှင့် အခြားသူများကဲ့သို့ပင် ကာကွယ်ရေးဝန်ကြီးအတွက် ခန့်အပ်ခံရသည့် ဟက်ဂ်ဆက် ဖြစ်နိုင်ခြေကို နာရီပိုင်းအတွင်းကပ်ပြီး သိခဲ့ရသလို အခြား ပင်တဂွန် အရာရှိတစ်ဦးသည် ဟက်ဂ်ဆက် ဖြစ်လာနိုင်ခြေကို သိရှိခဲ့ရပြီးနောက် အခြားသူများကဲ့သို့ ပင် မည်သို့တုံ့ပြန်ရမည်ကို မသိနိုင်ဟု ပြောဆိုခဲ့သည်။

လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ရင်းနှီးပြီး အကူးအပြောင်းမှာ အဆက်အသွယ်ရှိခဲ့တဲ့ ထရန့် အရာရှိဟောင်းတချို့တောင် သတိမထားမိခဲ့ကြပါဘူး။ ထရန့်၏အရာရှိဟောင်းတစ်ဦးကလည်း ရွေးချယ်မှုကြောင့် “အံ့အားသင့်မိသည်” ဟုဆိုပြီး သူ့ကိုဖြုတ်ချရန် ကြိုးပမ်းမှု တစ်ခု ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

အမှန်တကယ်ပင် ဟက်ဂ်ဆက်ကိုရွေးချယ်ရာတွင် ထရန့်သည် ဝန်ကြီးများရွေးချယ်မှု အတွက် ၎င်း၏ပထမဆုံး အငြင်းပွားဖွယ်ရာ အတည်ပြုချက်ရရန်အတွက် တိုက်ပွဲဝင်ရမည့်အရာဖြစ်ဖွယ်ရှိသည်။ အထက်လွှတ်တော်တွင် လူများစုမှ အသစ်အသစ်သော ရီပတ်ဘလီကန်များသည်ထရန့် ၏ရွေးချယ်မှုများကိုလက် ခံနိုင်ဖွယ်ရှိသော်လည်း ထရန့် ၏သူ၏အစိုးရဝန်ထမ်းအဖွဲ့၏ အမည်စာရင်းတင်သွင်းခံရသူများသည် အတည်ပြုချက် ရရှိရန် ရီပတ်ဘလစ်ကန် လက်တစ်ဆုပ်စာကသာ ငြင်းချက်ထုတ်နိုင်ဖွယ်ရှိသည်။

အလာစကာရှိ ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် ဆီနေတာ လီစာမက်ကောစကီး (Sen Lisa Murkowski) က အင်္ဂါနေ့ညနေပိုင်းတွင် ထရန့် သည် ပင်တဂွန်စစ်ဌာနချုပ်ကို ဦးဆောင်ရန် Fox သတင်း အစီအစဉ်မှူးကို ရွေးချယ်ခဲ့ကြောင်း ကြားသိရသောအခါတွင် “ဝိုး” ဟု အံ့အားသင့်စွာ အသံထွက်သွားခဲ့သည်။ တစ်ခါတရံ ထရန့်ကို ဝေဖန်ပြောဆိုခဲ့ဖူးသော အင်ဒီယားနားမှ ရီပတ်ဘလီကန်အမတ် ဆီနေတာ တော့ယမ်း (Todd Young) က အစိုးရဝန်ကြီးများအဖြစ် ရည်ရွယ်ထားသော သူများ၏ အမည်စာရင်းတင်သွင်းခြင်းအကြောင်းကို ပိုမိုလေ့လာလိုကြောင်း ပြောကြားခဲ့သည်။

“သူ့ရဲ့နောက်ခံနဲ့ သူ့ရဲ့အမြင်ကို ကျွန်တော်သိပ်မသိပါဘူး။ ကျွန်တော့်အနေနဲ့ ပိုလေ့လာဖို့ မျှော်လင့်နေပါတယ်။ သမ္မတ ထရန့် ရဲ့ လျာထားခံရသူအားလုံးကို သူတို့ရဲ့ အရည်အချင်းနဲ့ သူတို့ရဲ့ အမြင်ကို ဖော်ပြနိုင်ဖို့ တရားမျှတတဲ့ အခွင့်အရေးကို ပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြောက်ကာရိုလိုင်းနား GOP အထက်လွှတ်တော်အမတ် တွမ်တေးလစ် (Thom Tillis) က “စိတ်ဝင်စားစရာပဲ” ဟု စကားတစ်လုံးတည်းနှင့် ပြန်ဖြေခဲ့ပါသည်။

ဟက်ဂ်ဆက်ကို ထရန့်ကရွေးချယ်လိုက်ကြောင်း ကြေ ညာချက်တွင် ထရန့်သည် သူ၏တိုက်ခိုက်ရေးမှတ်တမ်းနှင့် Fox သတင်းအစီအစဉ် တင်ဆက်သူအဖြစ် သူလုပ်ဆောင်ခဲ့သည့် သက်တမ်းနှင့်သူ၏ အရောင်းရဆုံး စာအုပ်ကိုချီးကျူး ပြောကြား ခဲ့သည်။

“ပိ့ (Pete) ဟာ တပ်ဖွဲ့တွေအတွက်ရော တိုင်းပြည်အတွက်ပါ တိုက်ပွဲဝင်စစ်သည်တော်အဖြစ် သူ့ဘဝတစ်ခုလုံးကို ကုန်ဆုံးခဲ့ပါတယ်” ဟု ထရန့် က အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ပိ့ဟာ မာကြောခက်ထန် ထက်မြက်ပြီး အမေရိကားကို ပထမဦးစားပေးရမယ်ဆိုတာကို ယုံကြည်သူပါ။ ပိ့ရဲ့ ဦးဆောင်မှုကို၊ အမေရိကန်၏ ရန်သူများကို သတိပြုမိစေမှာြဖစ်တယ်။ ကျွန်တော်တို့ရ စစ်တပ်ဟာ နောက်တစ်ကြိမ် ပြန်လည် အားကောင်းလာမှာဖြစ်ပြီး၊ အမေရိကန်ဟာ မည်သည့် အခါမျှ နောက်ပြန်ဆုတ် အရှုံးပေးမှာ မဟုတ်ပါ။

ဟက်ဂ်ဆက်သည် စစ်မှုထမ်းနေသော အမျိုးသမီးများ တိုက်ပွဲဝင်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သည်။

ဟက်ဂ်ဆက်သည် အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် စစ်မှုထမ်းခဲ့ပြီး ကာလရှည်ကြာ မှတ်တမ်းဝင်ခဲ့သည်။

သူသည် ထရန့်၏ အလွတ်သဘော အကြံပေးတစ်ဦးအဖြစ်လည်း နှစ်ပေါင်းများစွာ ရုံးအဖွဲ့တွင် ဝင်ချီထွက်ချီ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထရန့် အကြံပေးများက CNN သို့ ပြောကြားခဲ့သည်။ ဟက်ဂ်ဆက် သည် ထရန့် ၏ပထမအစိုးရလက်ထက်တွင် ရာထူးများစွာအတွက် စဉ်းစားခြင်းခံခဲ့သော်လည်း နောက်ဆုံးတွင် သူ့ကိုကျော်သွားခဲ့သည်ဟု သူတို့က

ပြောကြားခဲ့သည်။

သို့သော် ဟက်ဂ်ဆက်အနေနှင့် ထရန့်သည်သူ၏ ပထမအစိုးရ သက်တမ်းအတွင်း မကြာခဏ သူ့အား သစ္စာခံသူများနှင့် အငြင်းအခုန်ရှိသော ဆက်ဆံရေးရှိခဲ့သည့် ကာကွယ်ရေးဌာနကို ဦးဆောင်သော သစ္စာခံတစ်ဦး ဖြစ်လာဖွယ်ရှိသည်။ ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များ ချက်ချင်းရုပ်သိမ်းကြောင်း ကြေညာပြီးနောက် ရာထူးမှ နုတ်ထွက်သည့် ၎င်း၏ ပထမဆုံး ကာကွယ်ရေး အတွင်းဝန် မက်တစ်(Mattis) နှင့် ထရန့်က ငြင်းခုံခဲ့သည်။ ထရန့်၏ အခြားအတည်ပြု ထားသော ကာကွယ်ရေးအတွင်းဝန် အက်စပါ (Esper) သည် ရွေးကောက်ပွဲ မတိုင်မီရက်သတ္တပတ်များအတွင်း လာမည့် ထရန့်အစိုးရ၏ ခြိမ်းခြောက်နိုင်မှုနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း သတိပေးခဲ့သည်။

ဟက်ဂ်ဆက်သည် အမျိုးသမီးများအား တိုက်ခိုက်ရေး အခန်းကဏ္ဍတွင် ပါဝင်ခွင့်ပေးရန် ကြိုးပမ်းမှုများက စစ်တပ်၏ စံနှုန်းများကို နှိမ့်ချလိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲကာ အမျိုးသမီးများကို ထိုအလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ပေးခြင်းအပေါ် စစ်တပ်ကို ပစ်တင်ခဲ့သည်။

ယခုနှစ် သူရေးသားသည့် စစ်သူရဲကောင်းများအပေါ် ကျရောက်နေသည့်စစ်ပွဲ (“The War on Warriors”) စာအုပ်အကြောင်း ပြောရာတွင် ဟက်ဂ်ဆက်သည် မကြာသေးမီက ပေါ့တ်ကာစ်တစ်ခုတွင် ‌ပြောကြားမှုက သူ့အား အံ့အားသင့်သွားခဲ့ရသည်ဟု ဆိုသည်။ စာအုပ်ပေါ်ရှိ‌ ရေးသားမှုနှင့်ပတ်သက်ပြီး “တိုက်ခိုက်ခံရတာသိပ်မရှိပါ” ဟုဆိုကာ “ကျွန်တော်က ရိုးရိုးရှင်းရှင်းပြောတာဖြစ်တယ် တိုက်ပွဲတွေတိုက်ခိုက်ရာမှာ အမျိုးသမီးတွေ ပါဝင်ခွင့်မပေးသင့်ပါဘူး”ဟု ဆိုသည်။

“ ဒီလို (အမျိုးသမီးတွေ) ပါဝင်ခြင်းကြောင့် ကျွန်တော်တို့ကို ပိုထိရောက်အောင် မဖြစ်စေဘူး၊ ကျွန်တော်တို့ကို သတ်ဖြတ်နိုင်တဲ့တိုက်စွမ်းအားတွေ ပိုပေးနိုင်မှာ မဟုတ်ဘူး၊ တိုက်ပွဲဝင်မှုတွေကို ပိုရှုပ်ထွေးစေတယ်။ ငါတို့အားလုံး အမျိုးသမီးတွေနဲ့ တာဝန်အတူထမ်းဆောင်ခဲ့ပြီးပြီ သူတို့က ‌တော်ပါတယ်” ဟု The Shawn Ryan ပွဲတွင် ပြီးခဲ့သည့်အပတ်က ဟက်ဂ်ဆက်က ပြောကြားခဲ့သည်။ ” ဒါ‌ပေမဲ့ ငါတို့ရဲ့ကာကွယ်ရေးအင်စတီကျူးရှင်းအနေနဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ထဲမှာ လူ့သမိုင်းမှာ အစဉ်အလာအရ မဟုတ်ဘဲ၊ အဲဒီနေရာအတွက် အမျိုးသားတွေက ပိုစွမ်းဆောင်နိုင်တဲ့ နေရာတွေမှာ (အမျိုးသမီးတွေ) ပါဝင်လာဖို့ မက်လုံးပေး အားပေးနေစရာ မလိုဘူး” ဟု ဆိုသည်။

ဟက်ဂ်ဆက်သည် ရေကြောင်းကွန်မင်ဒို(Navy SEALs)၊ ကြည်းတပ်တိုက်ခိုက်ရေး (Army Rangers)၊ ကြည်းတပ်အထူးတပ်ဖွဲ့များ (Army Special Forces)၊ မရိန်းအထူးစီမံချက်များ (Marine Special Operations) နှင့် သံချပ်ကာနှင့်အမြောက်တပ် အစရှိသည့် အလုပ်အကိုင်များကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ၊ အင်အားအထူးပြုရသည့် အမျိုးအစား အလုပ်များတွင် အမျိုးသမီးများနှင့် အထူးသဖြင့် မကိုက်ညီခြင်းကို တွေရှိသဖြင့် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဟက်ဂ်ဆက်က နောက်ပိုင်းတွင် ထပ်ဆောင်းပြောကြားခဲ့သည်။

“ ကျွန်တော်ပြောနေတဲ့အချက်က ခွန်အားက ကွဲပြားခြားနားတဲ့အကြောင်းရင်းတစ်ခုပါ” ဟု ၎င်းက ဆိုသည်။

ဟက်ဂ်ဆက်သည် စစ်တပ်၏ မတူကွဲပြားမှု အစီအစဉ်များကို ဝေဖန်ခဲ့ပြီး အလားတူ ပေါ့တ်ကာစ်တွင် “ ဒီအစီအစဥ်ကို ထုတ်ပယ်ရမယ်” ဟု ပြောဆိုခဲ့သည်။

Fox သတင်း အစီအစဉ်တင်ဆက်သူ

++++++++++++++

ရွေးကောက်ခံသမ္မတသည် ၎င်းပေးပို့သော သတင်းစကားအား ရုပ်မြင်သံကြား ပရိသတ်များထံ ပေးပို့ပုံကို ဂရုစိုက်တန်ဖိုးထားတတ်ပြီး ထရန့်၏ရွေးချယ်မှုသည် တီဗွီတွင် ကိုယ်ရည်ကိုယ်သွေးရှိသူကို သူ၏ဒုတိယအစိုးရအုပ်ချုပ်ရေးအဖွဲ့တွင် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ခန့်အပ်မြှင့်တင်ပေးသည်။ ဖလော်ရီဒါပြည်နယ်မှ ကိုယ်စားလှယ် မိုက်ဝ့ါလ်ဇ် (Mike Waltz) သည် ရာထူးမှ ပြုတ်ကျသွားသော်လည်း ထရန့် သည် ၎င်းအား ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ထမ်းဆောင်ရန် တောင်း ဆိုခဲ့သည်။

ဟက်ဂ်ဆက်သည် Fox သတင်း တွင် ပံ့ပိုးသူအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Fox နှင့်မိတ်ဆွေများ၏ရုံးပိတ်ရက် (“Fox & Friends Weekend”) ပူးတွဲ စီစဉ်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဟက်ဂ်ဆက်၏ သတင်းကွန်ရက်နှင့် သဘောတူညီချက်သည် အင်္ဂါနေ့တွင် ပြီးဆုံးသွားခဲ့ကြောင်း Fox သတင်းမှ ပြောကြားခဲ့သည်။

“စစ်တပ်နဲ့ ပတ်သက်တဲ့ အထူးသဖြင့် သူ့ရဲ့ထိုးထွင်းသိမြင်မှုနဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေဟာ ကျွန်တော်တို့ကြည့်ရှုသူတွေကို နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်နေပြီး ဒီအစီအစဉ်က ဒီနေ့ခေတ်မှာ အောင်မြင်မှု ရစေခဲ့ပါတယ်” ဟု Fox News မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ FOX News Media မှာ သူရဲ့အလုပ်အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပြီး ဝါရှင်တန်မှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။”

Princeton နှင့် Harvard တက္ကသိုလ်တို့မှဘွဲ့ရခဲ့သူ ဟက်ဂ်ဆက်သည် ၂၀၁၇ခုနှစ်တွင် “In the Arena” စာအုပ်ကိုရေးသားခဲ့ပြီး စာအုပ်ထုတ်ဝေသော ကုမ္ပဏီမှ အမေရိကန်စစ်မှုထမ်းဟောင်းများအတွက် အလေးထားသောအဖွဲ့ (Concerned Veterans for America) အတွက် စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူရဲကောင်းတံဆိပ် Bronze Stars နှစ်ခုကို ရရှိထားသည်ဟု Simon & Schuster က ပြောသည်။

ဘာသာရေးနှင့်ဆက်နွယ်သည့် တက်တူး ထိုးထားသောကြောင့် ၂၀၂၁ ခုနှစ်မှာ ရာထူးက ဖယ်ရှားခံခဲ့ရသည်ဟု ဟက်ဂ်ဆက်က ပြောပါသည်။

သူ၏စာအုပ်တွင်၊ ဟက်ဂ်ဆက် သည် ယခင်သမ္မတများဖြစ်သည့် ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush)၊ ဘားရက်အိုဘားမား (Barack Obama) နှင့် ထရန့်တို့လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ရေးသားခဲ့သည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ၎င်း၏ယူနစ်အား တာဝန်ပေးအပ်ခဲ့သည်။

“နောက်ဆုံးတော့၊ ကျွန်တော့်ရဲ့ ခေါင်းဆောင်မှုအဖွဲ့ထဲက အဖွဲ့ဝင်တွေက ဘာသာရေး တက်တူး တစ်ခုကြောင့် ကျွန်တော်ဟာ အစွန်းရောက် ဒါမှမဟုတ် လူဖြူအမျိုးသားရေးဝါဒီ တစ်ယောက်လို့ မှတ်ယူခဲ့ပါတယ်” ဟု ဟက်ဂ်ဆက်က ဇွန်လတွင် ၎င်း၏စာအုပ်ကို အရောင်းမြှင့်တင်သည့် အင်တာဗျူးတစ်ခုတွင် Fox သတင်း သို့ ပြောကြားခဲ့သည်။ တက်တူးသည် ဂျေရုဆလင် လက်ဝါးကပ်တိုင်ပုံ ဖြစ်သည်ဟု ဟက်ဂ်ဆက်က ပြောသည်။

U.S. President Donald Trump is interviewed by Fox and Friends co-host Pete Hegseth at the White House in Washington, U.S. April 6, 2017. REUTERS/Kevin Lamarque/File Photo 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 47 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 161 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ