ဧပြီလ (၁၅) ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးဌာနများရဲ့ website များ ဝင်ရောက်ကြည့်ရှုမရဘဲ ဖြစ်နေပါတယ်။ ကနဦး စစ်ဆေးကြည့်ရှုချက်များအရ ပေးဆောင်ရမယ့် နှစ်စဉ်ကြေး မပေးတဲ့အတွက် ကြည့်မရတော့ကြောင်း သိရှိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒိုမိန်းနာမည် nugmyanmar.org ဟာ သက်တမ်းကုန်နေပြီလို့ ဖော်ပြထားတဲ့အတွက် နှစ်စဉ်ကြေး မပေးဆောင်တဲ့အတွက် သက်တမ်းကုန်ဆုံးသွားတာလို့ ဆိုထားပါတယ်။
အခုလက်ရှိမှာ nugmyanmar.org ကို ဒိုမိန်းနာမည်တွေ ရောင်းချနေတဲ့နေရာမှာ သွားရောက်ဝယ်ယူလို့ ရရှိတဲ့အနေအထားမှာ ရှိပါတယ်။