နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီ စစ်ရှောင်စခန်းက ကလေးတွေ ရေကစားစေဖို့အတွက် အလှူရှင်တစ်ဦးက ရေကားတစ်စီးလှူဒါန်းခဲ့

vဧပြီလ (၁၅)ရက်။

ကရင်နီစစ်ဘေးရှောင်စခန်းက ကလေးတွေ ရေကစားနိုင်ဖို့ အလှူရှင်တစ်ဦးက ရေကားတစ်စီး လှူဒါန်းခဲ့တယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ အလှူရှင်တစ်ဦးကလာပြီး စစ်ရှောင်ကလေးတွေကို သင်္ကြန် ရေဆော့စေချင်တယ်‌၊ ဒီမှာကလဲ စစ်ရှောင်တွေ သုံးရေသောက်ရေတောင် တော်တော်ရှားနေတာဆိုပေမယ့် အလှူရှင်အနေနဲ့ တစ်စီးစာကို သီးသန့် ကလေးတွေပျော်ပါစေဆိုပြီး လှူလာတော့လည်း လက်ခံလိုက်ရတယ်” လို့ ဆိုပါတယ်။

အခုလို လှူဒါန်းတာကြောင့် အလှူရှင်အပါအ၀င် စိတ်ဓါတ်မွန်းကြပ်နေတဲ့ စစ်ရှောင်ကလေးတွေအတွက် ရေကားတစ်စီးစာ သင်္ကြန်ပွဲကို ကျင်းပပေးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ဒီထဲက စစ်ရှောင်ကလေးတွေမှာ သင်္ကြန်ဆိုတာ မသိလိုက်ရတာ (၃)နှစ်၊ တချို့ကလေးတွေဆို သိတောင်မသိကြတဲ့အတွက် သူတို့လေးတွေ ခဏဖြစ်ဖြစ် ပျော်နေရှာတယ်” လို့ ကွန်ရက်က ဆက်ပြောပါတယ်။

ကွန်ရက်အနေနဲ့လဲ အလှူရှင်ကိုယ်စား အချိုရည်နဲ့ မုန့်တွေကို စစ်ရှောင်ကလေးငယ်တွေအတွက် လှူဒါန်းပေးခဲ့ကာ လှူဒါန်းပေးတဲ့ အလှူရှင်တွေကို အထူးကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။

အခုအခါ ကရင်နီဒေသထဲကို ရှမ်းတောင်ပိုင်းက ဒေသခံတွေကလဲ စစ်ဘေးတိမ်းရှောင်လာခဲ့ကာ သောက်သုံးရေ အခက်အခဲတွေရှိနေတာကြောင့် ရေကားတစ်စီး (၅၀၀၀၀)ကျပ်နှုန်းနဲ့ လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတစ်ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 4 Views
ဇန်နဝါရီလ (၂၂)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ
မြန်မာသတင်း

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျိုက်ဒုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်က မီးသတ်စခန်းကို စကစက ဖျက်အားပြင်းဗုံးနဲ့
မြန်မာသတင်း

ညစ်ညမ်းစာပေတွေကို အရေးယူတာက စာပေအဆိပ်သင့်တာကို ကာကွယ်တာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စာပေထုတ်ဝေတဲ့ လုပ်ငန်းတွေမှာ ညစ်ညမ်းစာပေတွေကို ထုတ်ဝေဖြန့်ချိတာတွေ တွေ့နေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ
မြန်မာသတင်း

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကိစ္စ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုအပါအဝင် ခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေရဲ့
မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့က စကစတပ်သားတွေ တပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက