နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ KNU ဥက္ကဋ္ဌမှာ ပဒိုစောကွယ်ထူဝင်းတို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်တွေ့ဆုံ

မေလ (၁၅) ရက်။

မေလ ၁၄ ရက်နေ့ မနက် ၁၀း၀၅ မိနစ်မှ မိနစ် ၂၀ ခန့် မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းကိုယ်စားလှယ်တွေဆီက ဂါရဝပြုတဲ့ ခရီးစဉ်အား နိူင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ဒုတိယဝန်ကြီး မာဆာဟီရို ကိုမိုရာ (Masahiro Komura) က လက်ခံတွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နိူင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ဒုတိယ၀န်ကြီး မာဆာဟီရို ကိုမိုရာ (Masahiro Komura) ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆင့် ၄ နေရာမှာရှိပါတယ်။

လွှတ်တော်ဒု-ဝန်ကြီး ကိုမိုရာက မြန်မာနိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါလီမန်ဒု-ဝန်ကြီး ကိုမိုရာက ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် အခြေအနေများကို အဖြေရှာရန် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရနဲ့ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုများအတွက် တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းတွေက ကျေးဇူးတင်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက် သူတို့ရဲ့မျှော်လင့်ချက်တွေကို ဖော်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ ကိစ္စရပ်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ရည်ရွယ်ချက်နဲ့ ဆက်လက်ပြီး နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နှစ်ဖက်စလုံးမှ အတည်ပြု ပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဆာဆာကာဝါကို ဂျပန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ငွေအား၊ လူအားသုံးပြီး ကူညီဆောင်ရွက်ခဲ့သလို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ လေးကေကော်မြို့သစ်ကိုလည်း တည်ဆောက်ပေးခဲ့တယ်လို့ ဂျပန်အစိုးရရဲ့ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာလည်း ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သစ် ဖွင့်လှစ်လိုက်ပြီး ကျေးလက်နဲ့ မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်မှစတင်ပြီး ငါးနှစ်အတွင်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီမှု၊ စိုက်ပျိုးရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး၊ လေဆိပ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ယန်းငွေ ၈၀၀ ဘီလီယံ ကို ပံ့ပိုးပေးဖို့ ဂျပန်အစိုးရက သဘောတူထားခဲ့ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြုပြင်မွမ်းမံခြင်းနဲ့ ဒေသတွင်းဆေးရုံတွေတိုးချဲ့ခြင်းတို့ကို ပံ့ပိုးကူညီသွားမယ်လို့ သဘောတူထားခဲ့ပါတယ်။

ဂျပန်အစိုးရမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဝါတာနာဘေနဲ့ ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါတို့ဟာ စစ်ကောင်စီနဲ့နီးစပ်သူတွေ ဖြစ်ပါတယ်။ ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ အာရက္ခတပ်တော် AA နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဂျပန်အစိုးရဟာ စစ်ကောင်စီနဲ့ပိုနီးစပ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ။

နိူင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ဒုတိယ၀န်ကြီး မာဆာဟီရို ကိုမိုရာ (Masahiro Komura) နဲ့အတူ တွေ့ရှိရတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ် (ဝဲ) နဲ့ KNU ဥက္ကဋ္ဌမှာ ပဒိုစောကွယ်ထူဝင်း (အလယ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 15 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 48 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 84 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက
မြန်မာ့နိုင်ငံရေး

ဆီရီးယားလို အာဏာရှင်တွေ လက်မြှောက်အရှုံးပေးရအောင် NUG အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတတိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 71 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဆီရီးယားလို မြန်မာမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးရအောင် အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာရပ်နွေဦးတော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ
မြန်မာ့နိုင်ငံရေး

ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလလို့ UWSA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 78 Views
ဒီဇင်ဘာလ (၉)ရက်။ ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုပြီး သတင်းရေးသားနေကြတာတွေဟာ မဟုတ်မမှန်တဲ့ ကောလာဟလသတင်းတွေလို့ UWSA က ဒီဇင်ဘာလ (၇)ရက်နေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းဘက်က “ ဝ” တပ်စခန်း (၉)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့
မြန်မာ့နိုင်ငံရေး

အိန္ဒိယအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့နည်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အချို့ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 69 Views
ဒီဇင်ဘာ (၅)ရက်။ အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုကို တရားဝင်ဖိတ်ကြား တွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာအရေးအပေါ် အိန္ဒိယအစိုးရရဲ့ ချဉ်းကပ်မှုနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ India
မြန်မာ့နိုင်ငံရေး

ရေဦးနဲ့ တန့်ဆည်မှာ စစ်ကောင်စီတပ်က အိမ်ခြေ (၁၇၀)ကျော် မီးရှို့ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 88 Views
နိုဝင်ဘာလ (၁၉)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့က ရေဦးနဲ့ တန့်ဆည်မြို့ရှိ ကျေးရွာ (၉)ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေဦးအနောက်ခြမ်းက ရွာတွေနဲ့ တန့်ဆည်အရှေ့ခြမ်းက