အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့
ဇွန်လ (၃)ရက်။
မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကြောာင်းထိုးပြီး ကျီးပြတ်ရွာက ပြည်သူပိုင် ခြံဝင်းတခုမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒရုန်းတွေကြဲချပြီး ခေမှုန်းရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ကျီးပြတ်ရွာမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းကြဲချပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၂)နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကြောင်းမှူး ဗိုလ်အဆင့်ရှိသူတဦး ဒရုန်းထိမှန် သေဆုံးခဲ့သလို စစ်တပ်ဘက်က (၁၂)ဦးသေဆုံးပြီး အထိအခိုက်မအများအပြားနဲ့ တပ်ဆုတ်ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းခဲ့ပြီး ကျီးပြတ်ရွာကို ပြန်လည်စီးနင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲထဲ ဗျူဟာ(၂၂)လုံခြုံရေးတပ်ဖွဲ့၊ (၃၇၀၁)တပ်ရင်း တပ်ခွဲ(၂)၊ (၃၈၀၂)တပ်ရင်း တပ်ခွဲ(၁/၂/၃/၄/၅/၆/၇)၊ တပ်ရင်း(၃၈၀၁) တပ်ခွဲ(၁/၅)၊ သာယာဝတီခရိုင် တပ်ရင်း(၃)၊ ခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ(၃) မိုးညို၊ လက်ပံတန်းမြို့နယ်ပကဖ၊ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့(ရွှေတန်းမြေ)၊ ခရိုင်ပကဖဒရုန်းတပ်ဖွဲ့နဲ့ ရန်ကုန်ပကဖတိုက်ခိုက်ရေး တပ်ဖွဲ့(၇) တပ်ခွဲ(၁)တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။






