နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ATM စက်တွေမှာ ငွေဖြည့်ပေးထားတယ်လို့ ပုဂ္ဂလိကဘဏ်တွေကြေညာ

ဇူလိုင်လ (၁၅)ရက်။

လူစည်ကားရာနေရာတွေနဲ့ ဘဏ်ခွဲတွေက ATM စက်တွေမှာ ငွေဖြည့်ထားပေးတယ်လို့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဒီကနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

အခုလို ATM ငွေသားထုတ်ယူတဲ့စက်တွေမှာ ငွေဖြည့်ပေးထားတဲ့အကြောင်းကို ပုဂ္ငလိကဘဏ်တွေဖြစ်တဲ့ CB Bank နဲ့ AYA Bank တို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ပြောဆိုထားတာပါ။

ဘဏ်ခွဲတွေနဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေ၊ Payroll စက်ရုံတွေနဲ့ ဆေးရုံတွေက ATM နဲ့ CRM (ငွေသွင်း/ငွေထုတ်စက်တွေ)မှာ ငွေဖြည့်တင်းထားရှိပေးထားတယ်လို့ CB Bank က အသိပေးထားပါတယ်။

နောက်ပြီး AYA ATM တွေမှာ AYA ATM ကတ်တွေနဲ့ ငွေသားထုတ်ယူနိုင်သလို ဖုန်းရှိရုံနဲ့ AYA Pay (ဒါမှမဟုတ်) AYA Mobile တို့ရဲ့ Cardless Withdrawal Service တို့နဲ့လဲ အလွယ်တကူ ငွေသားထုတ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ATM စက်တွေကနေ ငွေသားထုတ်ယူတာတွေကို အခြားပုဂ္ဂလိကဘဏ်တွေမှာလဲ ထုတ်ပေးနေပြီဖြစ်ကာ Special Account ဖြစ်ပါက သိန်း (၁၀၀)ကျပ်အထိ ထုတ်ပေးနေတယ်လို့ AYA ဘဏ်မှာ သွားရောက်ထုတ်ယူခဲ့တဲ့ ပြည်သူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာ ပုဂ္ဂလိကဘဏ်အချို့နဲ့ ဘဏ်ပိုင်ရှင်တွေကို စစ်ကောင်စီဗဟိုဘဏ်က အရေးယူဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားခဲ့တာပါ။

ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာပြီးနောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေမှာ အကန့်အသတ်နဲ့ အများဆုံး (၅)သိန်းကျပ်အထိသာ ထုတ်ယူခွင့်ပြုခဲ့ရာက အခုရက်ပိုင်းမှာတော့ ATM စက်တွေကနေ ငွေထုတ်ယူလို့မရတော့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 100 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို