နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

အောက်တိုဘာလတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉၀)ကျော်သေဆုံးပြီး (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

နိုဝင်ဘာလ (၁၅)ရက်။

အောက်တိုဘာလတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉၄)ဦးထက်မနည်း သေဆုံးကာ (၁၀၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စခန်းသိမ်းတိုက်ပွဲ (၄)ကြိမ်အပါအဝင် တိုက်ပွဲပေါင်း (၆၈)ကြိမ်၊ စစ်ကောင်စီသတင်းပေး ရှင်းလင်းတာ (၈)ကြိမ်၊ စခန်းနဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့တိုက်ခိုက်တာ (၅၇)ကြိမ်နဲ့ မိုင်းဆွဲတာ (၂၁)ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထွက်ပြေးသူတွေ များပြားခဲ့ပြီး လက်နက်ခဲယမ်း‌တွေ သိမ်းဆည်းရမိခဲ့ကာ အဲ့ဒီစခန်းတွေကို ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းပြီး တပ်စွဲနေရာယူသိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ အလံဖြူပြအလင်းဝင်သူ (၁၇)ဦးရှိခဲ့ပြီး ဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ တိုက်ပွဲတွေထဲ လက်နက်ကြီး (၈)လက်၊ လက်နက်ငယ် (၃၉)လက်နဲ့ ခဲယမ်းတွေ၊ လက်ပစ်ဗုံးတွေ၊ နင်းမိုင်းတွေနဲ့ ဆွဲမိုင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲထဲ PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်က (၁၃)ဦးကျဆုံးခဲ့ကာ (၆၃)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်းတွေ၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၄၉)ဦးဒဏ်ရာရကာ (၂၂၉)ဦး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ PDF တပ်ရင်းတပ်ဖွဲ့‌တွေ၊ ပကဖတွေ၊ LDF တွေ၊ KNLA/KNDO၊ ABSDF၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက ဟန်ချက်ညီညီ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 11 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 13 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon
မြန်မာသတင်း

ရေစကြိုရှိ တောင်အိုစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 20 Views
မေလ (၂)ရက်။ ဧပြီလ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၂၅)မိနစ်အချိန်က ရေစကြိုမြို့ရှိ တောင်အိုစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်အိုစစ်ဆေးရေးဂိတ်က ပြည်သူကို
မြန်မာသတင်း

မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေး ဆက်လက်အာရုံစိုက်ပြီး အရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 17 Views
မေလ (၂)ရက်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်အာရုံစိုက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကမ္ဘာ့အလုပ်သမားနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်တာကြောင့်
မြန်မာသတင်း

ဖလမ်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား (၆)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 20 Views
မေလ (၂)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ဖလမ်းမြို့ရှိ Khawpuichhip ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ ရွာလယ်ကို ဗုံးကြဲသွားတာ၊ သေဆုံးတာက ကလေးငယ်တွေလဲပါတယ်။ တော်တော်များများလဲ
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 22 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက် (၁၅)နှစ်အရွယ် နော််တူလိုမူး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 32 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို ရွှေ့ပြောင်းတာက လွှတ်ပေးတာ မဟုတ်ပါဘူး၊ ထောင်ဒဏ်လျှော့ပေါ့တာနဲ့ မသိနိုင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းတာဟာ အခြေအနေကို မပြောင်းလဲစေပါဘူး”
မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း