နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့သိမ်းတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေက လက်နက်ချဖို့ ညှိနှိုင်းနေချိန် စစ်ကောင်စီက နင်းမိုင်းအများအပြားထောင်ခဲ့

နိုဝင်ဘာလ (၁၅) ရက်။

မနေ့က ပုလဲမြို့သိမ်းတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က လက်နက်ချဖို့ ညှိနှိုင်းနေတဲ့အချိန် ရဲစခန်းဘက်မှာ စစ်ကောင်စီက နင်းမိုင်းအများအပြား ထောင်တာတွေရှိတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“စစ်ကောင်စီကို တညလုံး လက်နက်ချဖို့ ညှိခဲ့တာပေါ့။ အဲ့ဒီလို ညှိနေတဲ့အချိန်မှာကိုပဲ တဖက်မှာ စစ်ကောင်စီက နင်းမိုင်းတွေ ထောင်နေတာကို တွေ့ရတယ်။ နင်းမိုင်းထောင်တဲ့သူတွေကို လှမ်းပစ်ဖို့ ပြောတော့ ဗျူဟာမှူးက မပစ်ဖို့ပြောတာကြောင့် မပစ်ခဲ့ရဘူး”လို့ ဆိုပါတယ်။

နောက်နေ့မနက် စစ်ကောင်စီစခန်းကို ဝင်စီးဖို့လုပ်တဲ့အခါ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေကို နင်းမိလို့ ဒဏ်ရာရခဲ့သူတွေ ရှိခဲ့သလို နင်းမိုင်းတွေကို ဖြုတ်သိမ်းနိုင်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

“ဒီမနက်ရောက်တော့ နင်းမိုင်းမိကြတာတွေ ရှိတယ်၊ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်တွေ နင်းမိုင်းမိပြီး ဒဏ်ရာရတာတွေရှိတယ်။ နင်းမိုင်း (၇) လုံးလောက်ကို ဖြုတ်ပြီးယူလာနိုင်ခဲ့တယ်”လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ပုလဲမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ စစ်ကူလာပို့မယ်ဆိုတာကို ကြိုတင်သတင်းရရှိခဲ့ကာ စောင့်ဆိုင်းပစ်ခတ်ဖို့ ပြင်ဆင်တာတွေရှိခဲ့ပေမယ့် အခွင့်မသာတဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အပါအဝင် AA ဆီကနေ စစ်သင်တန်းဆင်းလာတဲ့ ဝက်လက်နယ်အခြေစိုက် Generation Z Army (GZA) နဲ့ ရေစကြိုအခြေပြု Southern YSO PDF တို့က ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစခန်းကို စစချင်း ဝင်စီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးနိုင်ခဲ့တာလည်း ရှိတယ်လို့သိရပါတယ်။ ဂျန်ဇီမျိုးဆက်တပ်တော် (GZA) ဘက်မှာတော့ ထိခိုက်ဒဏ်ရာရသူ တပ်ဖွဲ့ဝင် (၄) ဦး ရှိခဲ့ပြီး အဲ့ဒီထဲက တစ်ဦးက လက်ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

BNRA ဦးဆောင်သူ ဗိုလ်နဂါးကတော့ မီဒီယာမှာ ပုလဲမြို့ကို ၉၀% လောက် ထိန်းထားနိုင်တယ်လို့ ပြောထားပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောဆိုထားပါတယ်။ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကတော့ BNRA တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုနဲ့ မိုင်းနင်းမိလို့ ဒဏ်ရာရသူတွေ၊ လေယာဉ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 61 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 60 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 61 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို