နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိုင်းငင်းရွာစခန်းသိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၈ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ ခေတ်မျက်လုံး။

သိုင်းငင်းရွာစခန်းသိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၈ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာ သိမ်းလိုက်နိုင်တာလို့ CDF CDM Siyin ရဲ့ တာဝန်ရှိသူ တစ်ဦးက ခေတ်မျက်လုံးကို အတည်ပြုပြောဆိုပါတယ်။

တီးတိန်အခြေစိုက် CDF CDM – Siyin “ ကလည်း လူမှုကွန်ရက်စာမျက်နှာမှာ “ သိုင်ငင်း ‌ သိမ်းယူရရှိခွင့်ပေးသော အဖဘုရားရှင် သာ၍ ဘုန်းကြီးပါ‌စေ။” လို့ က ရေးသားအသိပေးထားပါတယ်။

ဇန်န်ဝါရီလ (၁၂) ရက်နေ့ ညနေပိုင်းကစပြီး ဇန်နဝါရီလ (၁၆) ရက်နေ့အထိ ၅ ရက်နီးပါး ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကလေးဘက်ကနေ လက်နက်ကြီးနဲ့ အများအပြား ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ရေး အကြိမ်ကြိမ် ကြိုးစားတိုက်ခဲ့ပြီး အခုခြောက်ကြိမ်မြောက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုသိမ်းယူတဲ့ သိုင်းငင်စစ်ကောင်စီစခန်းဟာ ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်းနဲ့ အိန္ဒိယ – မြန်မာနယ်စပ်ကို ဆက်သွယ်တဲ့ လမ်းကြောင်းပေါ်တည်ရှိတဲ့ စခန်းတခုပါ။

အဲဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေ၊ ခရီးသွားပြည်သူတွေ အပေါ်မှာ နှိပ်စက်တာတွေ၊ ငွေကြေး ကောက်ခံတာတွေ၊ မတရားဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 5 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 6 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့
မြန်မာသတင်း

မြင်းခြံတိုက်ပွဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 7 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 7 Views
ဇွန်လ (၁၆)ရက်။ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ‌အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့
မြန်မာသတင်း

မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၆)ရက်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို မတူကွဲပြားတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူထုအစုအဖွဲ့တွေအကြား တူညီတဲ့ ပြည်နယ်ကိုယ်စားပြုမှု ခိုင်မာဖို့နဲ့ တော်လှန်ရေးအင်အား တိုးတက်ခိုင်မာဖို့
မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတရားခံဟာ မင်းမင်းစိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိန်းကျင့်ကာ သတ်ဖြတ်ပြီး
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ကော်သူးလေနေ့” ဟာ “ ကော်သူးလေအစိုးရ”
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 33 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ