ဖေဖော်ဝါရီလ (၁၆)ရက်။
မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ နမခ(၄)လက်အောက်ခံ ဗောဓိကုန်းစခန်းကို သိမ်းပိုက်ရရှိဖို့အတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မောင်တောမြို့နယ်တောင်ပိုင်း၊ အငူမော်-မောင်တောလမ်းရှိ စစ်ကောင်စီရဲ့ ဗောဓိကုန်စခန်းကို ရက္ခိုင့်တပ်တော်(AA)က မနေ့က နံနက်(၆)နာရီ (၂၀)မိနစ်ကစပြီး ထိုးစစ်အရှိန်မြင့်တင်ပြီး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလဲ ဗောဓိကုန်းစခန်းကို မကျစေဖို့အတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံနေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဗောဓိကုန်းစခန်းဟာ မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ (၂၀၀)ခန့်အကွာမှာရှိတဲ့ စခန်းဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ မနေ့ကစပြီး ရသေ့တောင်၊ ရမ်းဗြဲနဲ့ မောင်တောမြို့တွေက သူတို့ရဲ့စခန်းတွေကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီအနေနဲ့ စစ်ပွဲရှုံးနိမ့်တာတွေကြောင့် လူမျိုးရေးအုမန်းတရားတွေကို အခြေခံပြီး သွေးပျက်ကြောက်လန့်နေကာ လက်နက်ကြီးတွေနဲ့ မြို့ရွာတွေကို ဦးတည်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရဲ့ အငြိုးအတေးကို အများဆုံးခံနေရတဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။