နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ကမ္ဘာ့အကြီးဆုံး အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကြီး စတင်ကျင်းပတော့မည်

++++++++++++++++++++++++++++++++++++++++

အိန္ဒိယနိုင်ငံ၏ ကြီးမားလှသော အမျိုးသားရွေးကောက်ပွဲတွင် ဆယ်စုနှစ်များအတွင်း နိုင်ငံ၏အနာဂတ်ကို ပုံဖော်နိုင်သည့် အလားအလာဖြင့် ဆယ်စုနှစ်များစွာအတွင်း အရေးအကြီးဆုံးဟု ယူဆရသည့် အိန္ဒိယနိုင်ငံ၏ ပထမဆုံးမဲများကို လာမည့်သီတင်းပတ်တွင် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကြီး စတင်ကျင်းပတော့မည်ဖြစ်သည်။ လူ ၁ ဘီလီယံနီးပါးသည် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) အား ရှားရှားပါးပါး တတိယအကြိမ် ဆက်တိုက် ရာထူးသက်တမ်း ပေးအပ်ရန်နှင့် ၎င်း၏ ဘာရာတီယာဂျာနာတာပါတီ (Bharatiya Janata Party) (BJP) ၏ ၁၀ နှစ်ကြာ အုပ်ချုပ်မှုကို သက်တမ်းတိုးရန် ဆုံးဖြတ်ချက်ကို ထောက်ခံမှု ရှိမရှိကို ပြသကြမည်ဖြစ်သည်။ မိုဒီလက်ထက်တွင် အိန္ဒိယသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသည့် အဓိက စီးပွားရေးနိုင်ငံဖြစ်လာပြီး လူဦးရေ ၁.၄ ဘီလီယံရှိသော နိုင်ငံကို စူပါပါဝါအဆင့်အနီးသို့ တွန်းပို့ခဲ့သည်။

သို့သော် အိန္ဒိယသည် ဘာသာရေးလမ်းကြောင်းများမှ ပိုပို၍ သဘောထားကွဲလွဲလာကာ မိုဒီ၏လက်ယာယိမ်း BJP သည် ၎င်း၏ မူဝါဒများကို ဆက်လက်လုပ်ဆောင်ရန်အတွက် နောက်ထပ် ငါးနှစ်သက်တမ်း တိုးလုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ဘာသာရေးစွက်ဖက်မှုကင်းစင်သည့်နိုင်ငံဘဝမှ ဟင်ဒူဘာသာ ဦးစားပေးနိုင်ငံ ဖြစ်လာစေမည်ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။

အိန္ဒိယမှာ ဘယ်လိုမဲပေးသလဲ။

****************************

ဒီမိုကရေစီကျင့်စဉ်အရ အိန္ဒိယနိုင်ငံ၏ အမျိုးသားရွေးကောက်ပွဲများ ပြီးမြောက်ရန် တစ်လကျော် အချိန်ယူရသည့် သန်းထောင်နီးပါး ပြည်သူများက မဲပေးနိုင်ရန်နှင့် မဲများကို သယ်ယူပို့ဆောင်ရေးနှင့် ရေတွက်ရေးသည် ကြီးမားသောလုပ်ငန်းတစ်ခုဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ၉၆၈ သန်းခန့်သည် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ရုရှားတို့ ပေါင်းစပ်ထားသည့် လူဦးရေထက် ပိုများသည်။ မဲဆန္ဒရှင် အရွယ်အစားအရ လူတိုင်း မဲပေးမည့်ရက်ကို တစ်ရက်တည်း သတ်မှတ်ထားရှိခြင်း မရှိပါ။

ယင်းအစား နိုင်ငံတဝှမ်း မဲပေးမှုအဆင့် (၇) ဆင့်ကို ဧပြီလ ၁၉ ရက်မှ စတင်ကာ ဇွန်လ ၁ ရက်တွင်မှ ပြီးဆုံးမည်ဖြစ်သည်။ နိုင်ငံ၏ ၂၈ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရှစ်ခုမှ မဲအားလုံးကို ရေတွက်ပြီး ဇွန်လ ၄ ရက်တွင် ရလဒ်များ ထုတ်ပြန်မည်ဖြစ်သည်။ ပါတီစုံစနစ်အောက်တွင် အိန္ဒိယလူမျိုးများသည် လော့ဆပ်ဟာ (Lok Sabha) ဟုခေါ်သော ပါလီမန်အောက်လွှတ်တော်တွင် အမတ်နေရာ ၅၄၅ တွင် ၅၄၃ နေရာကို ဖြည့်ရန် မဲပေးကြပြီး နိုင်ငံ၏သမ္မတက အမည်စာရင်းတင်သွင်းထားသည့် အခြားနေရာနှစ်ခုနှင့် ပေါင်းမည်ဖြစ်သည်။ အများစုအနိုင်ရသည့်ပါတီက အစိုးရဖွဲ့ပြီး အနိုင်ရသည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဖြစ်သည်။

ပြိုင်ဖက်တွေက ဘယ်သူတွေလဲ။

******************************

မိုဒီနှင့် ၎င်း၏ BJP သည် အလွန်ရေပန်းစားနေဆဲဖြစ်ပြီး ၎င်းသည် နောက်ထပ်ငါးနှစ် အာဏာကိုဆက်လက်ရရှိရန် မျှော်လင့်ထားသည်။ အသက် (၇၃) နှစ်ရှိပြီဖြစ်သော မိုဒီသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြွေးကြော်ဖြင့် ၂၀၁၄ ခုနှစ်တွင် ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ လူမှုဖူလုံရေး နှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းဖြင့် ဂုဏ်ပြုခံရပြီး ၂၀၁၉ ခုနှစ်တွင် ဒုတိယသက်တမ်းကို အလွယ်တကူ ရယူခဲ့သည်။ ယခုအကြိမ်တွင်မူ ဟိန္ဒူအမျိုးသားရေးဝါဒကို ကိုင်ဆွဲပြီး ပိုမိုထင်ရှားသော ပလက်ဖောင်းပေါ်တွင်ရပ်တည်လျက်ရွေးကောက်ပွဲဝင်ခဲ့သည်။

ထိုရွေးကောက်ပွဲတွင် အိန္ဒိယလူမျိုး ၆၇% ကျော်သည် ၎င်းတို့၏မဲများကို မဲပေးခဲ့ကြသည်မှာ နိုင်ငံ၏သမိုင်းတွင် မဲပေးသူအများဆုံးဖြစ်သည်။

BJP အတွက် အဓိက စိန်ခေါ်သူမှာ လွတ်လပ်ရေးရပြီးကတည်းက ၇၇ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ ဖြစ်သော်လည်း ယခုအခါ စိတ်ဓါတ်ကျဆင်းနေသည့်အခြေအနေ ဖြစ်သည်။ နောက်ထပ် မိုဒီအနိုင်ရမှုကို တားဆီးရန် ကြိုးပမ်းမှုတွင် ကွန်ဂရက်လွှတ်တော်သည် ဒေသတွင်း အဓိကပါတီများ အပါအဝင် အခြားအတိုက်အခံခေါင်းဆောင်များနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ အိန္ဒိယ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်ရေး မဟာမိတ်အဖွဲ့ (သို့မဟုတ်) အိန္ဒိယသည် ၎င်း၏ လှုပ်ရှားမှုကို “ဒီမိုကရေစီကို ကယ်တင်ရေး” ဟူသော ဆောင်ပုဒ်ကိုကိုင်ဆွဲ ပြီးခဲ့သည့်လနှောင်းပိုင်းက စတင်စည်းရုံးခဲ့သည်။

နိုင်ငံရေးနယ်ပယ်တွင် ရာဟူးလ် ဂန္ဒီ (Rahul Gandhi) သည် ကွန်ဂရက်ပါတီ၏ မျက်နှာစာဖြစ်သော်လည်း အခြားသော အဓိက လူကြိုက်များသော ပုဂ္ဂိုလ်များတွင် အမန် အဒါမီ (Aam Aadmi) ပါတီ၏ နာမည်ကြီးခေါင်းဆောင်နှင့် ဒေလီဝန်ကြီးချုပ် အာဗင်း ကေ့ဂျရီဝေါလ် (Arvind Kejriwal) တို့ ပါဝင်သည်။ အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ်နှင့် All India Trinamool Congress’ မန်တာ ဘာနာဂျီ (Mamata Banerjee) နှင့် တောင်ဘက်ရှိ တမီးလ် နာဒူး (Tamil Nadu) ဝန်ကြီးချုပ် မူတူဗလ် ကရူနန်နီဒီ စတာလင် (Muthuvel Karunanidhi Stalin) ကဲ့သို့သော ဒေသတွင်း လူထောက်ခံမှုအင်အားကြီးသောသူများလည်း ရှိပြီး မိုဒီကသူတို့၏ သက်ဆိုင်ရာပြည်နယ်များတွင် BJP ပါတီအတွက် ဝင်ရောက်စည်းရုံးမှုကို မထောက်ခံရန် ပိတ်ဆို့ ကြိုးပမ်းကြမည်ဖြစ်သည်။

အတိုက်အခံက ဘယ်လောက် အားကောင်းလဲ။

*******************************************

မဟာမိတ်အဖွဲ့ I-N-D-I-A အစုအဖွဲ့အတွင်း ပဋိပက္ခများ အရှိန်အဟုန်နှင့် ရင်ဆိုင်နေရပြီး ၎င်းအဖွဲ့၏ ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ် လောင်းအဖြစ် မည်သူ့ကိုမှ မရွေးချယ်နိုင်ဘဲရှိနေပြီး မိုဒီကိုယှဉ်နိုင်မည့် အရည်အသွေးရှိသူကို သတ်မှတ်ရန် ရုန်းကန်နေရသည်ဟု လေ့လာသူများက ဆိုသည်။ မိုဒီသည် ပြိုင်ဘက် အတိုက်အခံများကို အားပျော့စေရန် BJP ပါတီ၏ စည်းရုံး လှုံ့ဆော်မှုများသည် အတိုက်အခံများကို ဖိအား ဖြစ်လာစေခဲ့သည်။

ဒေလီဝန်ကြီးချုပ် ကေ့ဂျရီဝေါလ် အပါအဝင် ထင်ရှားသော အတိုက်အခံအဖွဲ့ဝင် အများအပြားကို ဖမ်းဆီးခြင်း သို့မဟုတ် စစ်ဆေးမေးမြန်းခြင်းတို့ကို ပြည်နယ်အေဂျင်စီများက ပြုလုပ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကို ၎င်းတို့၏ပါတီများက နိုင်ငံရေးအရ လုပ်ဆောင်မှုဟု ရှုတ်ချခဲ့သည်။ ကွန်ဂရက်ပါတီ၏ဘဏ်စာရင်းများကို ပြည်ထောင်စုအခွန်အာဏာပိုင်များက ဆိုင်းငံထားခဲ့ပြီး အခွန်ငွေ ဒေါ်လာ ၂၁၈ သန်း ထပ်မံပေးဆောင်ရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ BJP က နိုင်ငံရေးအရ စွက်ဖက်မှုကို မရှိကြောင်း ငြင်းဆိုထားသည်။

တစ်ချိန်တည်းမှာပင်၊ မိုဒီအတွက် နောက်ထပ်အောင်ပွဲတစ်ခုသည် အိန္ဒိယ၏ အရေးအကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးအဖြစ် ၎င်း၏နေရာကို ခိုင်မြဲစေမည်ဖြစ်သည်။ မိုဒီ၏ပါတီနှင့် ၎င်း၏မဟာမိတ်များသည် အိန္ဒိယနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲရန် လုံလောက်သောမဲများပေး၍ အိန္ဒိအောက်လွှတ်တော် (Lok Sabha) တွင် အမတ်နေရာ ၄၀၀ ကျော် အနိုင်ရရန် ရည်မှန်းထားသည်။ ၂၀၁၉ တွင် BJP က အမတ်နေရာ ၃၀၃ နှင့် ကွန်ဂရက်ပါတီ၏ ၅၂ နေရာအထိ အနိုင်ရရှိခဲ့သည့် ကိန်းဂဏန်းထက် ယခုနှစ် ကိန်းဂဏန်းက ပိုမိုကောင်းမွန်နိုင်သည်။

အဓိက ပြဿနာတွေက ဘာတွေလဲ။

**********************************

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း BJP ပါတီ အုပ်ချုပ်မှု ဆယ်စုနှစ်တစ်ခု ကျော်ကာလအတွင်း လူကြိုက်များသော မိုဒီသည် ၎င်း၏ ဒီမိုကရေစီအဖွဲ့အစည်းအပေါ် တင်းကျပ်စွာ ချုပ်ကိုင်ထားကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ အထူးသဖြင့် နိုင်ငံ၏ သန်း ၂၀၀ ရှိသော မွတ်ဆလင် လူနည်းစုများက ၎င်းတို့သည် BJP ၏ ဟိန္ဒူ အမျိုးသားရေး မူဝါဒများအောက်တွင် နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ အိန္ဒိယ၏ လွတ်လပ်သော မီဒီယာများကို နှိမ်နင်းခြင်း အပါအဝင် ၎င်း၏ဝေဖန်သူများကို နှုတ်ဆိတ်စေသည်ဟု မိုဒီကို စွပ်စွဲထားသည်။ နှစ်စဉ်ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် အိန္ဒိယသည် မိုဒီအာဏာရလာခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၄၀ မှ ယမန်နှစ်စာရင်းတွင် နိုင်ငံပေါင်း ၁၈၀ မှ ၁၆၁ သို့ ကျဆင်းသွားသည်။ အစ္စလာမ့်အထိမ်းအမှတ် အဆောက်အအုံများကို ဖြိုချခြင်းမှသည် ရှေးမူဆလင်အုပ်စိုးရှင်များ တည်ထောင်ခဲ့သည့် မြို့များကို အမည်ပြောင်းကာ သမိုင်းဖတ်စာအုပ်များ ပြန်လည်ပြင်ဆင်ခြင်းအထိ၊ မိုဒီ၏အုပ်ချုပ်မှုသည် အိန္ဒိယနိုင်ငံအတွင်းပြောင်းလဲ လှုပ်ခတ်သွားခြင်းကို ဖြစ်စေပြီး ၎င်း၏ လောကီရေးရာတွင် ဘာသာရေး စွက်ဖက်မှု ကင်းစင်စေရေး ထူထောင်မှု တန်ဖိုးများမှ ဟိန္ဒူပထမနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ထပ် BJP အုပ်စိုးသည့် သက်တမ်းတွင် အိန္ဒိယကို ဤလမ်းစဉ်အတိုင်း ပိုမိုတွန်းအားပေး လုပ်ဆောင် သွားမည်ဟု လေ့လာသူများက ဆိုသည်။

မိုဒီထောက်ခံသူများသည် ၎င်း၏စီးပွားရေးမှတ်တမ်းကို ထောက်ပြကြသည်။ အိန္ဒိယသည် ၎င်း၏စီးပွားရေး လျင်မြန်စွာ ချဲ့ထွင်လာသည်နှင့်အမျှ ၂၁ ရာစုတွင် အင်အားကြီး နိုင်ငံဖြစ်လာရန် အသင့်ရှိနေပြီ ဖြစ်သည်။ G20 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း အပါအဝင် ကမ္ဘာ့ဇာတ်ခုံတွင် ၎င်း၏ရောက်ရှိနေခြင်းသည် ခေတ်သစ်ကမ္ဘာ့ပါဝါနိုင်ငံအဖြစ် သမိုင်းဝင် လပေါ်ယဉ်ဆင်းသက်ခြင်းနှင့်အတူ ခိုင်မြဲစေသည်ဟု ၎င်းတို့က ဆိုသည်။ မိုဒီသည် သန့်ရှင်းသော အာယိုဒါယာ (Ayodhya) မြို့ရှိ ပျက်စီးသွားသော ဘာဘရီ (Babri) ဗလီ၏နေရာတွင် အငြင်းပွားဖွယ်ရာ ဟိန္ဒူဘုရားကျောင်း ရမ်ဂျန်မာဘူမိမန်ဒီ (Ram Janmabhoomi Mandir) ကို တည်ဆောက်ပြီး စတင်ဖွင့်လှစ်ခြင်းဖြင့် ၎င်း၏ အဓိက ကတိများစွာကို တည်စေခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံ၏ စီးပွားရေး မြင့်တက်လာချိန်တွင် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံသည် လုပ်သားအင်အားအဖြစ် ဝင်ရောက်ရန် ရုန်းကန်နေရသော လူငယ်သန်းပေါင်းများစွာအတွက် လုံလောက်သော အလုပ်အကိုင်များ မဖန်တီးနိုင်ခဲ့ပေ။ အသက် ၂၀ နှစ်မှ ၂၄ နှစ်ကြားရှိ အလုပ်လက်မဲ့များ သည် ၂၀၂၃ခုနှစ် နှစ်ကုန်တွင် ၄၄.၄% ထိ ရောက်ရှိကာ တုန်လှုပ်သွားစေပါသည်။ လယ်သမားများသည် မကြာသေးမီနှစ်များအတွင်း အာဏာရပါတီအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့၏ ကောက်ပဲသီးနှံများအတွက် ပုံသေဈေးနှုန်းများ မြင့်မားခြင်းအပါအဝင် ၎င်းတို့၏ စီးပွားရေးသက်သာချောင်ချိရေး ပိုမိုခိုင်မာစေရန် အကာအကွယ်ပေးရန် အကြိမ်ကြိမ် လမ်းပေါ်ထွက်ကာ တောင်းဆိုခဲ့ကြသည်။

စိုက်ပျိုးရေးသည် အိန္ဒိယနိုင်ငံ၏လူဦးရေ၏ ၅၅% ခန့်အတွက် အသက်မွေးဝမ်းကြောင်းရင်းမြစ် ဖြစ်ပြီး လယ်သမားများသည် လူကြိုက်များခြင်းမရှိသော စိုက်ပျိုးရေးမူဝါဒများကို ဖျက်သိမ်းရာတွင် ယခင်ကလည်း မိုဒီအား အောင်မြင်စွာဖိအားပေး တောင်းဆိုနိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲသည် အမေရိကန်သမ္မတရွေးကောက်ပွဲထက်ပင် ကမ္ဘာ့ဈေးအကြီးဆုံးဟု ယုံကြည်ရသည်။ ၂၀၁၉ ခုနှစ်တွင် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံအထိ သုံးစွဲခဲ့ကြောင်း ဒေလီအခြေစိုက် မီဒီယာလေ့လာရေးစင်တာမှ သိရသည်။ ယခုနှစ်တွင် အသုံးစရိတ်များ ပိုတိုးလာမည်ဟု ခန့်မှန်းထားသည်။ ဟိမဝန္တာတောင်တန်းမြင့်မြင့်မှ အိန္ဒိယနိုင်ငံအလယ်ပိုင်းပြည်နယ်များ၏ ဝေးလံခေါင်သီသောသစ်တောများအထိ မဲရုံပေါင်း ၁ သန်းကျော်ကို အီလက်ထရွန်နစ်စနစ်ဖြင့် မဲပေးကြသည်။ အိန္ဒိယ မဲဆန္ဒရှင်တိုင်းထံ ရောက်ရန် ကုန်းလမ်း၊ လှေ၊ ကုလားအုတ်၊ ရထားနှင့် ရဟတ်ယာဉ်များမှတစ်ဆင့် ရွေးကောက်ပွဲလုပ်သား ၁၅ သန်းခန့်ကို တပ်ဖြန့်ချထားမည်ဖြစ်သည်။ အမြင့် ၁၅,၂၅၆ ပေ (၄,၆၅၀ မီတာ) တွင် တရုတ်နိုင်ငံ နယ်စပ်ရှိ ဟီမာချယ် ပရာဒက်ရှ် (Himachal Prades) ပြည်နယ် မြောက်ပိုင်းရှိ တာစီဂန် (Tashigang) ရွာသည် ၂၀၂၂ ပြည်နယ် အစိုးရ ရွေးကောက်ပွဲတွင် ဒေသခံများ မဲပေးခဲ့စဉ်က ကမ္ဘာ့အမြင့်ဆုံး မဲရုံ ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၈,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုနှစ်တွင် ကိုယ်စားလှယ်လောင်းများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း အမျိုးသားလွှတ်တော် ခြောက်ခုနှင့် ပြည်နယ်ပါတီ ၇၀ ကျော်တို့ အပါအဝင် ပါတီပေါင်း ၂၇၀၀ ကျော်က လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီတစ်ခုစီတွင်အမှတ်အသားများကို ရွေးကောက်ပွဲ ကော်မရှင်က ခွဲခြားသတ်မှတ်ပေးသည့် သင်္ကေတတစ်ခုစီ ရှိပြီး ဒါဇင်ပေါင်းများစွာသော ပါတီများကို ခွဲခြားသိမြင်နိုင်ရန် ကူညီပေးကာ လူဦးရေ လေးပုံတစ်ပုံခန့် စာမတတ်သူရှိနေသော နိုင်ငံတစ်နိုင်ငံတွင် မဲဆန္ဒရှင်များအတွက် မဲပေးရွေးချယ်ရာတွင် ပိုမိုလွယ်ကူစေသည်။ ၎င်းတို့သည် မျက်နှာကျက်ပန်ကာ၊ ခေါင်းဖြီးဘီး နှင့် သရက်သီးကဲ့သို့သော နေ့စဉ်သုံး ပစ္စည်းများဖြစ်သည်။ လက်ရှိ အာဏာရ BJP ၏ သင်္ကေတသည် ကြာပန်းဖြစ်ပြီး ကွန်ဂရက်ပါတီသည် ထောင်ထားသည့်လက်ဖဝါးဖြစ်သည်။ ဒေလီဝန်ကြီးချုပ် ကေ့ဂျရီဝေါလ် (Kejriwal) ၏ အမ် အက်မီ ပါတီ (Aam Aadmi Party) (သို့မဟုတ် သာမန်လူသားပါတီ-(Common Man’s Party) သည် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လမ်းပေါ်လှုပ်ရှားမှု၏ မူလအစကို ကိုယ်စားပြုသည့် “တံမြက်စည်းတစ်ခု”ဖြစ်သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 15 Views
CNN —  ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 15 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 19 Views
CNN — ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး ပိတ်ဆို့ထားမှုများကို လျော့ချပေးမည့်အပြင် ဘီလီယံ နှင့်ချီပြီး အေးခဲထားခဲ့သော အီရန်ပိုင်ငွေများကို ပြန်လည် အသုံးပြုခွင့်ပေးမည်
နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် “ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။ ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည်
နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းကို – အီရန်ထက် အဆပေါင်းများစွာ နျူကလီးယား လက်နက်များ ပိုမိုအဆင့်မြင့်သော မြောက်ကိုရီးယားသို့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏နျူကလီးယားစက်ရုံ တည်ဆောက်ထားမှုကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
အစ္စရေးနှင့် အမေရိကန်တို့၏ “အကြိမ်ကြိမ် တိုက်ခိုက်မှု” အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံတည်ဆောက်ထားမှုမှာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟီ (Esmail Baghaei) က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ် နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း

ရှီနှင့် ပူတင်တို့သည် အစ္စရေး-အီရန် အကျပ်အတည်းတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းပြီး ထရန့်အား ဖုံးကွယ်ထားသော သတင်းစကားဖြင့် ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 33 Views
တရုတ်နှင့် ရုရှားတို့သည် အကျိုးအကြောင်းဆီလျော်စွာ ပြောကြာသူများအဖြစ် နေရာယူပြီး အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်ရန် စဉ်းစားနေသည့် ပဋိပက္ခကို အရှိန်လျှော့ချရန် တောင်းဆိုနေကြသည် ။ ၎င်းတို့သည် ကြာသပတေးနေ့တွင် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ အကြား ဖုန်းခေါ်ဆိုမှုအတွင်း ကြိုးပမ်းခဲ့သည့် မြင်ကွင်းများဖြစ်သည်။