ဇူလိုင်လ (၁၆)ရက်။
ဒီကနေ့ နံနက် (၈)နာရီ (၄၅)မိနစ်က နေပြည်တော်ရှိ အေလာလေဆိပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ကနဦး ပြောဆိုထားချက်တွေအရ သိရပါတယ်။
နေပြည်တော်ရှိ အေလာလေဆိပ် ပစ်ခတ်ခံရတာကြောင့် လေဆိပ်ထဲ ရှေ့တိုက်ဒုံး (၂)လုံးအပါအ၀င် ကြံစိုက်ခင်းထဲ (၁)လုံးနဲ့ လေဆိပ်ခြံစည်းရိုးပေါ် (၁)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး လေဆိပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာအသေးစိတ်နဲ့ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ စုံစမ်းစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အဓိကရုံးတွေအခြေစိုက်တဲ့ နေပြည်တော်က အေလာလေဆိပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါ။
ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလဲ နေပြည်တော် အေလာလေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။