နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျိုက်မရောထောင်က နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရပြီး ထောင်တွင်းပုဒ်မများစွာနဲ့ အမှုရင်ဆိုင်နေရ

ဇူလိုင်လ (၁၆)ရက်။

ကျိုက်မရောအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား (၅)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇွန်လ (၂၅)ရက်နေ့က ညနေတန်းပိတ်ချိန် ထောင်ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်တဲ့ ၀န်ထမ်းအင်အား (၂၀)ခန့်ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုလွမ်းဝေအောင်၊ ကိုအောင်ဇော်မင်း၊ ကိုညီညီ၊ ကိုဇာနည်အောင်နဲ့ ကိုနန္ဒာအောင်လင်းတို့ကို အင်အားသုံး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုခေါ်ဆောင်ချိန်မှာ အကျဉ်းဦးစီးဘက်ကနေ ခိုင်မာတဲ့ အကြောင်းပြချက်မပေးဘဲ အတင်းခေါ်ထုတ်သွားတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက ပြန်ရုန်းထွက်တဲ့အတွက် လေးခွတွေ၊ နံပါတ်တုတ်တွေနဲ့ အတင်းအဓမ္မ ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ ရိုက်နှက်ခေါ်ဆောင်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပိတ်ထားပြီး ထောင်အာဏာပိုင်တွေက ထောင်၀င်စာဧည့်တွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်ကို ပိတ်ထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ၁၆(၁)နဲ့ လာရောက်ခေါ်ဆောင်ချိန် အသာတကြည်မလိုက်ဘဲ ခုခံတယ်ဆိုပြီး ပုဒ်မ (၂၂၄)နဲ့ စွဲဆိုထားသလို အခြားပုဒ်မတွေနဲ့လဲ မတရားအမှုဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ဒိုက်ဦးထောင်နဲ့ သာယာ၀တီထောင်တို့ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ထောင်ပိုင်နဲ့ ထောင်တာ၀န်ရှိသူတွေကို အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အပြောင်းအလဲပြုလုပ်တဲ့အခါ ထောင်ပိုင်အနေနဲ့ လာဘ်စားတာမှာနာမည်ကြီးတဲ့ ချမ်းအေးကျော်က ကျိုက်မရောထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအနေနဲ့ ကျော်ကျော်ဦး၊ ဦးစီးမှူးအနေနဲ့ ကျော်ဇင်အောင်တို့ တာ၀န်ယူကာ ဖိနှိပ်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 37 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို