နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏တပ်များ ရှေ့တိုးချီတက်လာပြီး ရုရှားနိုင်ငံ ဆွတ်ဂျာ (Sudzha) မြို့ကို သိမ်းပိုက်ခဲ့ကြောင်းဇလန်းစကီးက ပြောကြားခဲ့သည်။

သြဂုတ်လ ၁၆ ရက်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ရုရှားနိုင်ငံ ကူရွတ်စ်ခ် (Kursk) ဒေသသို့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားမြို့ ဆွတ်ဂျာ (Sudzha) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ကူရွတ်စ်ခ် မြို့ အနောက်တောင်ဘက် ၁၀၅ ကီလိုမီတာ (၆၅ မိုင်) အကွာတွင် တည်ရှိသော ကိ့ဗ်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းက ရောက်ရှိနေသော်လည်း ၎င်း၏စစ်တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတထံမှ ပထမဆုံး အတည်ပြုချက်ဖြစ်သည်။

ယူကရိန်းစစ်ဦးစီးချုပ် အိုလက်စန္ဒာဆိုစကေး (Oleksandr Syrskyi) က ယူကရိန်းတပ်ဖွဲ့များသည် ၎င်းတို့၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှု စတင်ချိန်မှစ၍ ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) အကွာအထိ ရုရှားကာကွယ်ရေးတပ်များကိုတွန်းလှန်ပြီး ရှေ့သို့တိုး၍ ချီတက်လာနိုင်ခဲ့ပြီး နယ်မြေ ၁၁၅၀ စတုရန်းကီလိုမီတာနှင့် အခြေချနေထိုင်မှု ၈၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆိုစကေး (Syrskyi) က သူတို့၏ စစ်ဦးစီးချုပ်ရုံးကို ဆွတ်ဂျာ (Sudzha) တွင် ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့ပြီး ထိန်းချုပ်နယ်မြေများရှိ လူဦးရေ၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းရန်နှင့် “ တရားဥပဒေစိုးမိုးရေး” ကို ဆောင်ရွက်ရန် ဆွတ်ဂျာ (Sudzha) တွင် လုပ်ဆောင်နေသည်ဟုဆိုသည်။

ဆွတ်ဂျာသည် ရုရှားနိုင်ငံမှ ဓာတ်ငွေ့များကို ယူကရိန်းမှတစ်ဆင့် ဥရောပသို့ ဖြန့်ဖြူးပေးသည့် အဓိကအချက်ဖြစ်သည့် ရုရှားဓာတ်ငွေ့ ပို့ဆောင်ရာဆိပ်ခံဂိတ်အနီးတွင် တည်ရှိသည်။ ယင်းက ကိ့ဗ်၏ ရည်မှန်းချက်များထဲမှ တစ်ခုသည် မော်စကိုအတွက် အကျိုးအမြတ်များသော ရန်ပုံငွေ အရင်းအမြစ်ကို လျှော့ချရန် ဖြစ်နိုင်သည်ဟု ထင်ကြေးများ ပေးခဲ့သည်။ ယူကရိန်း၏ မြေပြင်ကျုးကျော်မှုကြောင့် သောင်းနှင့်ချီသော ရုရှားနိုင်ငံသားများကို ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာပြေးရန် တွန်းပို့ခဲ့ပြီး ရုရှားကိုဖိအား ပေးနိုင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းဒရုန်းများသည် ရုရှားလေယာဉ်ကွင်း လေးခုကို ပစ်မှတ်ထားပြီး စစ်ပွဲ၏ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်။ တိုက်ခိုက်မှုသည် ကူရွတ်ခ် (Kursk) နှင့် ဗိုရွန်နက်ရှ (Voronezh) ၏ အနောက်တောင်ဘက်ဒေသများရှိ အခြေစိုက်စခန်းလေးခုနှင့် မော်စကိုမြို့အရှေ့ဘက် နစ်ဇနီ နို့ဂရော့ (Nizhny Novgorod) တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းထောက်လှန်းရေးဌာနမှ သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

ခရက်ခ် နှင့် အိမ်နီးချင်းဒေသများပေါ်တွင် မောင်းသူမဲ့လေယာဉ် “လေယာဉ်အမျိုးအစား” ၁၁၇ စင်းနှင့် နည်းဗျူဟာမြောက် ဒုံးကျည်လေးစင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကရင်မလင် ကို အကြီးအကျယ် အရှက်ရစေသည့် ယူကရိန်း၏ တိုက်ခိုက်ချေမှုန်းမှုသည် ကိယက်ဗ်အတွက် နည်းဗျူဟာအရ ထင်ရှားသော အပြောင်းအလဲကို ကိုယ်စားပြုပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်အတွင်းသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း အထောက်အထားတခု ဖြစ်သည်။ ကိယက်ဗ်၏ တိုးတက်လာသောထိုးစစ်ကို တွန်းလှန်ရန်အတွက် ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ အဓိကစစ်မြေပြင်နေရာများမှ အရန်တပ်များကို ရုရှားက ပြန်လည်ဆွဲထုတ်ယူခဲ့ကြောင်း ယူကရိန်းစစ်တပ်မှ တပ်မှူးတစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကူရွတ်စ်ခ် (Kursk) ဒေသရှိ ခရုပ်ပက်စ် (Krupets) အခြေချနေထိုင်ရာနေရာကို ယူကရိန်းတပ်ဖွဲ့များထံမှ ပထမဆုံးကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် တင်ထားသော နောက်ဆုံး သတင်းတစ်ခုတွင် အခိုင်အမာ ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းထိန်းချုပ်မှုအောက်ရှိ ရွာများစွာမှ ရန်သူများကို မောင်းထုတ်ပစ်မည်ဟု တနင်္လာနေ့တွင် ကတိပြုခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ယူကရိန်းသည် လအတန်ကြာ ရှေ့သို့တိုးမြင့်လာနေသည့် ရုရှားတပ်များရှိရာ အရှေ့ဘက်မျက်နှာစာတွင် ၎င်း၏တိုက်ပွဲကို ဆက်လက်ခုခံ တိုက်ပွဲဝင်နေခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ပေါ့ခရရော့ဗ် (Pokrovsk) မြို့အနီးတွင်လည်း ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံးတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယူကရိန်း၏ ပေါ့ခရရော့ဗ်မြို့ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟီးဒိုဘရိတ် (Serhii Dobriak) က ရန်သူ ရုရှားတို့သည် “ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းနှင့် နီးကပ်လုနီးပါး ဖြစ်သည်” ဆိုပြီး မြို့မှ ၆ မိုင် (၁၀ကီလိုမီတာ) သာဝေးသည်ဟု Telegram တွင်ရေးသားခဲ့သည်။ ဒိုဘရိတ်က နိုင်ငံသားအားလုံးကို “နှောင့်နှေးမနေဘဲ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်” ဆက်လက် တိုက်တွန်းခဲ့သည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ယူကရိန်းစစ်တပ်သည် ရုရှားလေယာဉ်ကွင်း လေးခုကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် စစ်ပွဲအတွင်း ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ပါသည်။ ယူကရိန်း၏နောက်ဆုံး ဒရုန်းတိုက်ခိုက်မှုသည် အနောက်တောင်ဘက်ရှိ Kursk နှင့် Voronezh ဒေသများရှိ အခြေစိုက်စခန်းလေးခုနှင့် မြို့တော်မော်စကိုအရှေ့ဘက် Nizhny Novgorod ဒေသတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတွင်းသတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

Kursk နယ်မြေနှင့် အိမ်နီးချင်းဒေသများတွင် လေယာဉ်အမျိုးအစား မောင်းသူမဲ့ လေယာဉ် ၁၁၇ စင်းနှင့် နည်းဗျူဟာမြောက် ဒုံးကျည်လေးစင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်း၏ ကျူးကျော်တိုက်ခိုက်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်ထဲသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း ဖြစ်ပြီး ကရင်မလင်နန်းတော်အတွက် ကြီးမားသည့် တွက်ချက်မှု အမှားအယွင်း ဖြစ်လာခဲ့သည်။

ဓာတ်ပုံ။

ယူကရိန်းအရှေ့မြောက်ပိုင်းရှိ ရုရှားနယ်စပ်အနီး သံချပ်ကာကားများပေါ်တွင် ယူကရိန်းစစ်သားများကို တွေ့ရစဉ်/Viacheslav Ratynskyi/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 76 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 53 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”