နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏တပ်များ ရှေ့တိုးချီတက်လာပြီး ရုရှားနိုင်ငံ ဆွတ်ဂျာ (Sudzha) မြို့ကို သိမ်းပိုက်ခဲ့ကြောင်းဇလန်းစကီးက ပြောကြားခဲ့သည်။

သြဂုတ်လ ၁၆ ရက်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ရုရှားနိုင်ငံ ကူရွတ်စ်ခ် (Kursk) ဒေသသို့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားမြို့ ဆွတ်ဂျာ (Sudzha) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ကူရွတ်စ်ခ် မြို့ အနောက်တောင်ဘက် ၁၀၅ ကီလိုမီတာ (၆၅ မိုင်) အကွာတွင် တည်ရှိသော ကိ့ဗ်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းက ရောက်ရှိနေသော်လည်း ၎င်း၏စစ်တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတထံမှ ပထမဆုံး အတည်ပြုချက်ဖြစ်သည်။

ယူကရိန်းစစ်ဦးစီးချုပ် အိုလက်စန္ဒာဆိုစကေး (Oleksandr Syrskyi) က ယူကရိန်းတပ်ဖွဲ့များသည် ၎င်းတို့၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှု စတင်ချိန်မှစ၍ ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) အကွာအထိ ရုရှားကာကွယ်ရေးတပ်များကိုတွန်းလှန်ပြီး ရှေ့သို့တိုး၍ ချီတက်လာနိုင်ခဲ့ပြီး နယ်မြေ ၁၁၅၀ စတုရန်းကီလိုမီတာနှင့် အခြေချနေထိုင်မှု ၈၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆိုစကေး (Syrskyi) က သူတို့၏ စစ်ဦးစီးချုပ်ရုံးကို ဆွတ်ဂျာ (Sudzha) တွင် ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့ပြီး ထိန်းချုပ်နယ်မြေများရှိ လူဦးရေ၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းရန်နှင့် “တရားဥပဒေစိုးမိုးရေး” ကို ဆောင်ရွက်ရန် ဆွတ်ဂျာ (Sudzha) တွင် လုပ်ဆောင်နေသည်ဟုဆိုသည်။

ဆွတ်ဂျာသည် ရုရှားနိုင်ငံမှ ဓာတ်ငွေ့များကို ယူကရိန်းမှတစ်ဆင့် ဥရောပသို့ ဖြန့်ဖြူးပေးသည့် အဓိကအချက်ဖြစ်သည့် ရုရှားဓာတ်ငွေ့ ပို့ဆောင်ရာဆိပ်ခံဂိတ်အနီးတွင် တည်ရှိသည်။ ယင်းက ကိ့ဗ်၏ ရည်မှန်းချက်များထဲမှ တစ်ခုသည် မော်စကိုအတွက် အကျိုးအမြတ်များသော ရန်ပုံငွေ အရင်းအမြစ်ကို လျှော့ချရန် ဖြစ်နိုင်သည်ဟု ထင်ကြေးများ ပေးခဲ့သည်။ ယူကရိန်း၏ မြေပြင်ကျုးကျော်မှုကြောင့် သောင်းနှင့်ချီသော ရုရှားနိုင်ငံသားများကို ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာပြေးရန် တွန်းပို့ခဲ့ပြီး ရုရှားကိုဖိအား ပေးနိုင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းဒရုန်းများသည် ရုရှားလေယာဉ်ကွင်း လေးခုကို ပစ်မှတ်ထားပြီး စစ်ပွဲ၏ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်။ တိုက်ခိုက်မှုသည် ကူရွတ်ခ် (Kursk) နှင့် ဗိုရွန်နက်ရှ (Voronezh) ၏ အနောက်တောင်ဘက်ဒေသများရှိ အခြေစိုက်စခန်းလေးခုနှင့် မော်စကိုမြို့အရှေ့ဘက် နစ်ဇနီ နို့ဂရော့ (Nizhny Novgorod) တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းထောက်လှန်းရေးဌာနမှ သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

ခရက်ခ် နှင့် အိမ်နီးချင်းဒေသများပေါ်တွင် မောင်းသူမဲ့လေယာဉ် “လေယာဉ်အမျိုးအစား” ၁၁၇ စင်းနှင့် နည်းဗျူဟာမြောက် ဒုံးကျည်လေးစင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကရင်မလင် ကို အကြီးအကျယ် အရှက်ရစေသည့် ယူကရိန်း၏ တိုက်ခိုက်ချေမှုန်းမှုသည် ကိယက်ဗ်အတွက် နည်းဗျူဟာအရ ထင်ရှားသော အပြောင်းအလဲကို ကိုယ်စားပြုပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်အတွင်းသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း အထောက်အထားတခု ဖြစ်သည်။ ကိယက်ဗ်၏ တိုးတက်လာသောထိုးစစ်ကို တွန်းလှန်ရန်အတွက် ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ အဓိကစစ်မြေပြင်နေရာများမှ အရန်တပ်များကို ရုရှားက ပြန်လည်ဆွဲထုတ်ယူခဲ့ကြောင်း ယူကရိန်းစစ်တပ်မှ တပ်မှူးတစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကူရွတ်စ်ခ် (Kursk) ဒေသရှိ ခရုပ်ပက်စ် (Krupets) အခြေချနေထိုင်ရာနေရာကို ယူကရိန်းတပ်ဖွဲ့များထံမှ ပထမဆုံးကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် တင်ထားသော နောက်ဆုံး သတင်းတစ်ခုတွင် အခိုင်အမာ ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းထိန်းချုပ်မှုအောက်ရှိ ရွာများစွာမှ ရန်သူများကို မောင်းထုတ်ပစ်မည်ဟု တနင်္လာနေ့တွင် ကတိပြုခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ယူကရိန်းသည် လအတန်ကြာ ရှေ့သို့တိုးမြင့်လာနေသည့် ရုရှားတပ်များရှိရာ အရှေ့ဘက်မျက်နှာစာတွင် ၎င်း၏တိုက်ပွဲကို ဆက်လက်ခုခံ တိုက်ပွဲဝင်နေခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ပေါ့ခရရော့ဗ် (Pokrovsk) မြို့အနီးတွင်လည်း ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံးတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယူကရိန်း၏ ပေါ့ခရရော့ဗ်မြို့ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟီးဒိုဘရိတ် (Serhii Dobriak) က ရန်သူ ရုရှားတို့သည် “ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းနှင့် နီးကပ်လုနီးပါး ဖြစ်သည်” ဆိုပြီး မြို့မှ ၆ မိုင် (၁၀ကီလိုမီတာ) သာဝေးသည်ဟု Telegram တွင်ရေးသားခဲ့သည်။ ဒိုဘရိတ်က နိုင်ငံသားအားလုံးကို “နှောင့်နှေးမနေဘဲ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်” ဆက်လက် တိုက်တွန်းခဲ့သည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ယူကရိန်းစစ်တပ်သည် ရုရှားလေယာဉ်ကွင်း လေးခုကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် စစ်ပွဲအတွင်း ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ပါသည်။ ယူကရိန်း၏နောက်ဆုံး ဒရုန်းတိုက်ခိုက်မှုသည် အနောက်တောင်ဘက်ရှိ Kursk နှင့် Voronezh ဒေသများရှိ အခြေစိုက်စခန်းလေးခုနှင့် မြို့တော်မော်စကိုအရှေ့ဘက် Nizhny Novgorod ဒေသတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတွင်းသတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

Kursk နယ်မြေနှင့် အိမ်နီးချင်းဒေသများတွင် လေယာဉ်အမျိုးအစား မောင်းသူမဲ့ လေယာဉ် ၁၁၇ စင်းနှင့် နည်းဗျူဟာမြောက် ဒုံးကျည်လေးစင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်း၏ ကျူးကျော်တိုက်ခိုက်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်ထဲသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း ဖြစ်ပြီး ကရင်မလင်နန်းတော်အတွက် ကြီးမားသည့် တွက်ချက်မှု အမှားအယွင်း ဖြစ်လာခဲ့သည်။

ဓာတ်ပုံ။

ယူကရိန်းအရှေ့မြောက်ပိုင်းရှိ ရုရှားနယ်စပ်အနီး သံချပ်ကာကားများပေါ်တွင် ယူကရိန်းစစ်သားများကို တွေ့ရစဉ်/Viacheslav Ratynskyi/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက