နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်မှာ ရေကြီးရေလျှံတာကြောင့် သေဆုံးသူ (၄၂)ဦးရှိတယ်လို့ စစ်ကောင်စီပြော

စက်တင်ဘာလ (၁၅)ရက်။

နေပြည်တော်က မြို့နယ် (၈)မြို့နယ်ထဲ ရေကြီးရေလျှံတာကြောင့် သေဆုံးသူ (၄၂)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သဘာ၀ဘေးကော်မတီအစည်းအဝေး ထုတ်ပြန်ထားချင်အရ သိရပါတယ်။

နေပြည်တော်ရှိ မြို့နယ်တွေထဲက တပ်ကုန်းမြို့ကစပြီး ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးတို့မှာ ဆင်သေချောင်းကနေတဆင့် ချောင်းရေတွေ ရုတ်တရက်မြင့်တက်ကာ ရေကြီးရေလျှံခဲ့တာလို့ ဆိုပါတယ်။

ရေကြီးရေလျှံတာတွေကြောင့် (၄၂)ဦးသေဆုံးခဲ့သလို နေအိမ် (၃၃)လုံး ရေထဲမျောပါသွားပြီး အဆောက်အဦး (၃၈၁၉)လုံး ရေမြုပ်ပျက်စီးခဲ့ကာ ရေဘေးသင့်သူ (၂၅၀၀၀)ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နီးစပ်ရာဘုန်းကြီးကျောင်းတွေအပါအ၀င် ကယ်ဆယ်ရေးစခန်း (၈၂)ခု ဖွင့်လှစ်ထားကာ အခုလို ရေကြီးရေလျှံပြီး ရေလွှမ်းမိုးတာဟာ နေပြည်တော်မှာ မကြုံစဖူးဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းက အစည်းဝေးမှာ ပြောဆိုခဲ့ပါတယ်။

နေပြည်တော်မှာ ဆည်ပေါင်း (၁၂)ခုနဲ့ ရေလှောင်တမံ (၁၂)ခုရှိကာ ဆည်တမံတွေ အခြေအနေက စိုးရိမ်စရာမရှိဘဲ နေ့တိုင်း ဆည်တမံတွေစစ်ဆေးကာ ကယ်ဆယ်ရေးစခန်းတွေကို အသိပေးကြဖို့ သူက ညွှန်ကြားခဲ့ပါသေးတယ်။

နေပြည်တော်မှာ ရေကြီးရေလျှံတာကြောင့် ထိခိုက်သေဆုံးပျက်စီးရတဲ့ အခြေအနေဟာ စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းထက် လက်တွေမြေပြင်အခြေအနေမှာ ပိုများနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 35 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 40 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ကို အခြေခံပြီး အပြုသဘောဆောင်တဲ့
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 29 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 43 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ