နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖားကန့်မြို့ပေါ် စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အရပ်သား (၂)ဦးသေဆုံးခဲ့ရ

စက်တင်ဘာလ (၁၆)ရက်။

ဒီကနေ့ နေ့လယ် (၁)နာရီခွဲကျော်အချိန်က ဖားကန့်မြို့ပေါ်ရှိ ငှက်ပျောတောရပ်ကွက်ကို စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ ဒီကနေ့ နေ့လယ် (၁)နာရီ (၄၀)မိနစ်က ဖားကန့်မြို့ပေါ် ငှက်ပျောတောရပ်ကွက် ကြိုးတံတားဘက် ချိုးတဲ့လမ်းလယ်ခေါင်တည့်တည့်ကို လက်နက်ကြီးကျပြီး ပေါက်ကွဲတာပါ။ အမျိုးသားနှစ်ဦး သေဆုံးသွားပါတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ငှက်ပျောတောရပ်ကွက်ရှိ ကြိုးတံတားဘက်သွားတဲ့ လမ်းမအလယ်‌ခေါင်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သက်ကြီးပိုင်းတစ်ဦးနဲ့ သက်လတ်ပိုင်းတစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

“ လက်နက်ကြီးထိမှန်ပြီး သေတာက လူကြီးတယောက်နဲ့ လူငယ်တ‌ယောက်ပါ။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။ နံနက် (၄)နာရီလောက်ကစပြီး ဖားကန့်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆိပ်မူဘက်ကို တောက်လျှောက်ပစ်နေတာ” လို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့ နံနက် (၄)နာရီကစပြီး စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းကနေ ဆိပ်မူ(ဆိုင်းတောင်)ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို ဆိပ်မူရွာဘက်မှာလဲ ပစ်ခတ်သံတွေနဲ့ ဆူညံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဆိပ်မူဘက်ကို နေ့လယ် (၁၂)ခွဲအချိန်မှာ တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် (၂)နာရီ (၂၀)မိနစ်အချိန်မှာ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အခုအခါ ဆိပ်မူ(ဆိုင်းတောင်)ရွာမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက နေအိမ်မီးရှို့ပြီး ထွက်ပြေးတာတွေရှိခဲ့တယ်လို့လဲ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 0 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသတာအောင်မြင်ခဲ့တယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 4 Views
နိုဝင်ဘာလ (၂၄)ရက်။ ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသနိုင်ဖို့ သုတေသနပြုလုပ်ရာမှာ အောင်မြင်ခဲ့တယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက တိုင်းရင်းဆေးသမားတော်တွေညီလာခံမှာ ပြောဆိုခဲ့တယ်လို့ မနေ့ကထုတ်တဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 7 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 12 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ယောအလင်းတန်းကို ပြောဆိုထားချက်အရ သိရပါတယ်။ “ ဟုတ်ပါတယ်။ KKG ရင်း(၄)က lo
မြန်မာသတင်း

စစ်ကောင်စီရဲ့ နှစ် (၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်း တပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 7 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်ကောင်စီရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်းကို တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောတပ်စခန်းဟာ ဖာပွန်ခရိုင်၊ ဖာပွန်-ကမမောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က နံနက် (၇)နာရီ
မြန်မာသတင်း

ရေးမြို့ရှိ အာယုတောင်ရွာက အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 8 Views
နိုဝင်ဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်က ရေးမြို့ရှိ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနက်က ကန်တာကားတစ်စီးနဲ့ အာယုတောင်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက် အကျဉ်းထောင်ထဲ နိုင်/ကျဉ်း (၁၀၈)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 18 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းထောင်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 8 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။ “ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို