အောက်တိုဘာလ (၁၆)ရက်။
စစ်ကိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းထားဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက အောက်တိုဘာလ (၁၄)ရက်နေ့ စစ်ကိုင်းခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကို သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာတွေအလိုက် ဖွဲ့စည်းဖို့နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်လာစေဖို့ကို စည်းရုံးလုပ်ဆောင်ဖို့ ဆိုပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ အမြဲစောင့်ကြည့်ကြဖို့အပြင် မြို့နယ်၊ ရက်ကွက်နဲ့ ကျေးရွာတွေအလိုက် ကြပ်မတ်ဆောင်ရွက်ဖို့ သူက ညွှန်ကြားခဲ့ပါသေးတယ်။
မနေ့က NCA (၉)နှစ်ပြည့်အခမ်းအနားမှာလဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူအားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖွဲ့စည်းနေကာ ပြည်သူတွေအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
လက်နက်ကိုင်ခုခံစစ်တွေ ပြင်းထန်လာပြီး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရက်ကွက်နဲ့ ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်မယ့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ဩဂုတ်လပိုင်းကစပြီး ကြိုးပမ်းနေတာပါ။
ဒါ့အပြင် စစ်ကောင်စီဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို အသက် (၃၅)နှစ်ကနေ (၆၅)နှစ်ရှိ အမျိုးသားတွေနဲ့ ဖွဲ့စည်းသွားဖို့ ပြင်ဆင်နေပြီး အချို့ဒေသတွေမှာ စတင်ဖွဲ့စည်းနေပြီလို့ သိရပါတယ်။