နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာအရေးကို အထူးအလေးထား အာရုံစိုက်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

နိုဝင်ဘာလ (၁၆)ရက်။

နိုင်ငံတကာအနေနဲ့ မြန်မာအရေး အထူးအလေးထား အာရုံစိုက်ဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုဝင်ဘာလ (၁၁)ရက်နေ့က သည်ဟိတ်မြို့ရှိ ISS မှာပြုလုပ်တဲ့ အစည်းအဝေးမှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ချုပ်ငြိမ်းဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ကို ကြိုးပမ်းရာမှာ ကူညီပေးဖို့ ဆိုပါတယ်။

နောက်ပြီး မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖိူ့နဲ့ ပံ့ပိုးပေးဖို့အပြင် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် အာဆီယံက ထိရောက်ပြတ်သားစွာ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ ကောင်းမွန် တည်တံ့ခိုင်မြဲတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ လူသားဆန်စွာနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချင်တွေကို အချိန်မီလုပ်ဆောင်ဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။

NUG အနေနဲ့လဲ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ကို လက်ခံပြီး သက်ဆိုင်ရာတွေနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတာကို တစိုက်မတ်မတ် ပြသပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မြန်မာအရေးဟာ ရှုပ်ထွေးတယ်ဆိုတာကို မငြင်းဆန်ပေမယ့် အဲ့ဒီအချက်ဟာ နိုင်ငံတကာက ပြဿနာကို ဖြေရှင်းပေးမယ့်အပေါ် အတားအဆီးမဖြစ်သင့်ဘဲ ပြည့်ပြည့်ဝဝနဲ့ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

အချို့သောနိုင်ငံတွေအနေနဲ့ စစ်ကောင်စီ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို နေရာပေးနေတာဟာ အင်မတန် ယုတ္တိမရှိတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ဒါ့ကြောင့် အဖွဲ့ဝင်နိုင်ငံတွေနဲ့ တစ်ဦးချင်းစီအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တို့အပေါ် အခြေခံပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အတိအလင်း ငြင်းဆန်တာ ပြုလုပ်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 34 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို