နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမြို့ရှိ ရွှေဆိုင်ကို ဓါးပြတိုက်ခဲ့သူတစ်ဦး မုံရွာမြို့နယ်ပလဖထံ လာရောက်အဖမ်းခံခဲ့

နိုဝင်ဘာလ (၁၆)ရက်။

စက်တင်ဘာလက မုံရွာမြို့နယ်ရှိ နဝရတ်‌ရွှေဆိုင်ကို ဓါးပြတိုက်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဟာ မုံရွာမြို့နယ်ပလဖထံ လာရောက်အဖမ်းခံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စက်တင်ဘာလတုန်းက မုံရွာမြို့နယ်က နဝရတ်ဆိုင်ကို ဓါးပြတိုက်တာမှာ ပါဝင်ခဲ့တဲ့ အမျိူးသမီးတစ်ဦးက မြို့နယ်ပလဖကို ဆက်သွယ်ပြီး သူ့သဘောဆန္ဒအတိုင်း လာအဖမ်းခံခဲ့တာပါ” လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် (၂၂)နှစ်အရွယ်ရှိ မေလရောင်(ခ)အမွှေစိန်ဖြစ်ကာ သူ့သဘောဆန္ဒအလျောက် မုံရွာမြို့နယ်ပလဖကို ‌နိုဝင်ဘာလ (၁၂)ရက်နေ့မှာ ဆက်သွယ်ပြီး လာရောက်အဖမ်းခံခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလဲ ရွှေဆိုင်ဓါးပြတိုက်တာမှာ ပါဝင်သူတွေဖြစ်တဲ့ ဗလ(ခ)သန်းကျော်အေး (၂၉)နှစ်၊ ဇီးကွက်(ခ)ကျော်ထက် (၂၄)နှစ်နဲ့ ရှမ်းလေး(ခ)ရန်မျိုးနိုင် (၃၇)နှစ်တို့ကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကျူးလွန်သူတွေကို မုံရွာမြို့နယ်ပကဖတာဝန်ခံ ဆရာကျောင်းနဲ့ မြို့နယ်ပလဖတာဝန်ခံ ကိုအာကူးတို့ ဦးဆောင်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း (၁၆/၃၂/၃၈)စတဲ့အဖွဲ့တွေအပြင် Local PDF အဖွဲ့တွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ အရေးယူတာတွေနဲ့ အမှုမှာ ပါဝင်ပတ်သက်ပြီး ဖမ်းဆီးဖို့ကျန်ရှိနေသူတွေကို ဓါတ်ပုံနဲ့တကွ ဖမ်းဝရမ်းထုတ်ပြီး ကြေညာသွားမယ်လို့လဲ အသိပေးထားပါတယ်။

ဖမ်းဆီးဖို့ကျန်ရှိနေတဲ့သူတွေအနေနဲ့လဲ အမှားကို သိမြင်ကာ အချိန်မလွန်ခင် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံကို ဆက်သွယ်ပြီး လာရောက်အဖမ်းခံဖို့ နောက်ဆုံးအနေနဲ့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 53 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 39 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 31 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 33 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး