မတ်လ (၁၇) ရက်။
ထိုင်းနိုင်ငံမှာနေပြီး ထောက်ပို့လုပ်ဆောင်နေတဲ့ ကိုမိုက်ကယ်ကို မနေ့က မတ်လ ၁၆ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က သူနေတဲ့နေရာအထိ ဝင်ရောက်ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။
ထိုင်းရဲစခန်းကို ရောက်သွားချိန်မှာ ကိုမိုက်ကယ်က သူဟာ ပျုစောထီးခေါင်းဆောင်ကို သတ်ဖြတ်လိုက်တာကြောင့် ဖမ်းဆီးခံရတာလို့လည်း ပြောခဲ့ပါတယ်။
“ကျွန်တော် ပျုစောထီးခေါင်းဆောင်ကို ထိုင်းနိုင်ငံမှာ ဒလန်ရှင်းလင်းရေးလုပ်လိုက်တာ ဖမ်းမိသွားတယ်” လို့ ထိုင်းရဲစခန်းကနေ ကိုမိုက်ကယ်က Live လွှင့်ပြီး ပြောဆိုခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ ကိုမိုက်ကယ်ကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ တရားမဝင်ငွေလွှဲပြောင်းမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။