နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်အပေါ် ဝေဖန်မှုများထွက်ပေါ်

ဧပြီလ (၁၆) ရက်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်အပေါ် အာဏာရှင်ဆန်တယ်၊ စစ်ကောင်စီနဲ့ အတူတူပဲစတဲ့ ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်အောက်မှာ ပြည်သူတွေလည်း မှတ်ချက်တွေ လာရောက်ရေးသားကြပါတယ်။ အဲ့ဒီထဲက အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

“ အများကြီး ပြသနာရှိတဲ့ ညွှန်ကြားချက်ပါ။ အရင် အဆက်ဆက် ဥပဒေတွေလိုပဲ – “ national security” စကားလုံးအောက်မှာ အကုန် ကန့်သတ်ချက်တွေ လွှတ်ထည့်ထားတာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရလဲ မမှန်ပါ။ media freedom အတွက် ပြသနာရှိတဲ့ ညွှန်ကြားချက်ဖြစ်ပါတယ်။”

“ နံပါတ်၅ အချက်က လွတ်လွတ်လပ်လပ် သတင်းယူလို့ ရတယ်ဆိုပြီး ကရင်နီပြည်အုပ်ချုပ်ရေးကိုထိခိုက်စေမယ့်ဟာ မလုပ်ရဘူးဆိုတော့ … ကရင်နီက ခေါင်းဆောင်တွေ တလွဲလုပ်ခဲ့သည်ရှိသော် reportမလုပ်နဲ့လို့ ပြောတာပေါ့။ အဲဒါဆို media တွေလည်း မခေါ်နဲ့တော့လေ။ ပြန်ကြားရေး သဘောသီးသန့်ပဲ လက်ခံနိုင်တာဆို ကရင်နီအစိုးရmedia နာမည်တပ်ပြီးတော့ပဲ သီးသန့်ဖွဲ့လိုက်တော့ပေါ့။ မီဒီယာကျင့်ဝတ်လို့ စည်းကမ်းထုတ်တဲ့သူတွေက မီဒီယာကျင့်ဝတ်ကိုရော နားလည်ရဲ့လား။”

“ အာဏာရှင်ကို အတူတကွခြေမှုန်းနေချိန်မှာ ဒီ Statement က အာဏာရှင်ဆန်နေတယ်”

“ statement ကိုဖတ်ပြီး သက်ပြင်းသာချမိတယ် media တွေကြောင့်ဘဲ

တမ္ဘာလုံး တနိုင်ငံလုံးအမှန်တွေသိစေတာကိုဗျာ တလွဲတွေတော့မလုပ်ပါနဲ့”

“ အစိုးရတရပ်ကနေစတိတ်မန့်အပေါ်ဆုံးမှာ မီဒီယာကျင့်၀တ်ဆိုင်ရာညွှန်ကြားချက်ဆိုတာကဘာကိုပြောချင်တာလဲနားမလာည်ပါဘူးခင်ဗျာ သတင်းထောက်တိုင်းမှာကျင့်၀တ်ရှိပြီးသား၊တိုက်တိုင်းမှာပေါ်လစီရှိပြီးသားမဟုတ်လား စတိတ်မန့်အရေးအသားကလွဲနေတယ်၊ကောင်းတာတွေပဲထိုင်ချပြနေရရင် လော်ဘီဖြစ်သွားမှာပေါ့၊”

အာဏာရှင် စစ်အုပ်စုကို တော်လှန်ရင်း ကိုယ်တိုင်စစ်အာဏာရှင်လို ကျင့်သုံးလာတာ အလွန်စိတ်ပျက်စရာကောင်းတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတစ်ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 4 Views
ဇန်နဝါရီလ (၂၂)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ
မြန်မာသတင်း

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျိုက်ဒုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်က မီးသတ်စခန်းကို စကစက ဖျက်အားပြင်းဗုံးနဲ့
မြန်မာသတင်း

ညစ်ညမ်းစာပေတွေကို အရေးယူတာက စာပေအဆိပ်သင့်တာကို ကာကွယ်တာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စာပေထုတ်ဝေတဲ့ လုပ်ငန်းတွေမှာ ညစ်ညမ်းစာပေတွေကို ထုတ်ဝေဖြန့်ချိတာတွေ တွေ့နေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ
မြန်မာသတင်း

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကိစ္စ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုအပါအဝင် ခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေရဲ့
မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့က စကစတပ်သားတွေ တပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက