နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးတိုင်း၊ ခြုံကြီးရွာ စီးနင်းခံရမှုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၅ ဦးကျဆုံး

စက်တင်ဘာလ (၁၇) ရက်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာ ခေါ် ခေါ် သာယာကြီးရွာကို စစ်ကောင်စီတပ်သားတွေက အလစ်အငိုက် စီးနင်းဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ခြုံကြီးကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စုဝေးနေချိန် စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ အရပ်ဝတ်နဲ့ စစ်သားနဲ့ ပျူစောထီးတွေ ၃၀ လောက်က ကျေးရွာထဲ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေက အရပ်ဝတ်နဲ့ အလစ်အငိုက် ဝင်ရောက် စီးနင်းခဲ့ရာမှာ ကင်းစောင့်နေသူ ခြောက်ဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရပြီး အဲ့ဒီအထဲက ၄ ဦးသေဆုံးကာ ကျန်နှစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ခြုံကြီးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စီးနင်းချိန် အနီးဝန်းကျင်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ လူစုပြီးလာတိုက်ကြတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ရောက်လာပြီး လေကြောင်းပစ်ကူနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေဘက်က တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၃ မှ အိုင်အိုအို ဖက်တီး၊ မြင်းခြံခရိုင်ပကဖမှ ကိုအီးတီ၊ ရဲဘော်ငထွန်း၊ ဒေသခံတွေဖြစ်တဲ့ ကိုကုလား၊ ကိုကျော်သက်၊ ကိုဘောကြီးတို့ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ရဲဘော်ငထွန်းကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ကာ ကျန် ၅ ဦးက အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန် မနက် ၁၁ နာရီခွဲလောက်မှာ Mi-35 တစ်စီး၊ ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ကျေးရွာထဲကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံ ၁၀ ဦးလောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ခြုံကြီးရွာတိုက်ပွဲမှာ အလောင်း ၁၁ လောင်းတွေ့ရှိပြီး ၄ ဦးအရှင်ဖမ်းမိကာ သေနတ် ၁ လက်၊ ကျည်၊ ခဲယမ်းတွေနဲ့ ကား ၃ စီးကို ရရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ပျူစောထီး သီတာယုမွန် ခေါင်းဆောင်တဲ့အဖွဲ့လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီမနက်ပိုင်းမှာတော့ ခြုံကြီးရွာမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာကနေပြန်ဆုတ်သွားပြီး ရွာမြောက်ဘက်ရှိ မြင်းခြံသံမဏိစက်ရုံမှာတော့ အင်အားအများအပြားနဲ့ ရှိနေကြသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ထုတ်ပြန်ထားသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏လက်နက်နှင့် ကားများ။

(ဓာတ်ပုံများကို ခေတ်မျက်လုံး၏ တယ်လီဂရမ်ချန်နယ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး