စက်တင်ဘာလ (၁၇)ရက်။
ဒီကနေ့ ည (၇)နာရီခွဲကျော်အချိန်က မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်းကို (၄၀)မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေး(USO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ မှော်ဘီမြို့က အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်သင်တန်းကျောင်းကို (၄၀)မမ (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်တဲ့အထဲ ကင်းနဲ့ ၀င်းထဲ ထိခိုက်တာတွေ ရှိနိုင်ပါတယ်” လို့ USO က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်းကို (၄၀)မမ (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကင်းနဲ့ ၀င်းထဲ ထိခိုက်တာတွေ ရှိနိုင်တာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ပြည်သူတွေကို မတရားတာတွေ ပြုလုပ်ဖို့ ကြံစည်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်တာတွေအပြင် ပတ်သက်ဆက်နွယ်သူတွေကို စစ်ရေးပစ်မှတ်တခုအနေနဲ့ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။