နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ တိုက်ပွဲတွေဆက်ဖြစ်၊ သီပေါကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

စက်တင်ဘာလ (၁၇) ရက်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက သီပေါရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃) တပ်စခန်းနေရာကို ဗုံးအလုံး ၈၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မနေ့က စက်တင်ဘာလ (၁၆) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အမြောက်စခန်းတွေ အခြေစိုက်ထားတဲ့ တောင်းခမ်းရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂)၊ အမြောက်တပ် (အမတ ၃၅၄) ၊ မကျီးရေရွာနဲ့ တောင်းခမ်းရွာပတ်ဝန်းကျင်မှာ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သီပေါမြို့ အခြေစိုက် (ခလရ ၂၃) တပ်စခန်းနေရာကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ၁၃ ကြိမ် လာရောက်ခဲ့ပြီး ဗုံးအလုံး ၈၀ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီဗုံးတွေဟာ သီပေါမြို့အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာပြည်သူ့ဥယျာဉ်ထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားတဦး သေဆုံးခဲ့ရပြီး တဦး ဒဏ်ရာရခဲ့ကြောင်းတယ်လို့ သိရပါတယ်။ ခလရ-၂၃ တပ်ရင်းထဲကိုလည်း လက်နက်ခဲယမ်းတွေ ကြဲချထောက်ပိုပေးခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။

TNAL ပူးပေါင်းတပ်တွေဟာ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းတွေထဲက အမတ ၄၀၆ နဲ့ ၄၀၂ တပ်ရင်းနှစ်ခုကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ လက်ကျန်တပ်စခန်းနှစ်ခုဖြစ်တဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂) နဲ့ အမြောက်တပ် (အမတ ၃၅၄) တို့ကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူဘက်မှ ဒုဋ္ဌဝတီတံတားကို ဖြတ်ပြီး စစ်ကူတွေပေးပိုနေပြီး လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

တောင်းခမ်းတိုက်ပွဲဟာ နောင်ချိုမြို့သိမ်းတိုက်ပွဲထက် ပိုမိုကြာရှည်စွာ တိုက်ခိုက်နေရပြီး စစ်တပ်ဖက်က ကြာရှည်မတောင့်ခံနိုင်ဘဲ ဆုတ်ခွာခုခံစစ်လိုဖြစ်နေပြီး မြေပြင်က နောက်ထပ် စစ်ကူမရရင် တောင်းခမ်းကို လက်လွှတ်ရတော့မယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

စစ်တပ်အနေနဲ့ တောင်းခမ်းမကျရေး အပြင်းအထန် တိုက်ခိုက်နေရပြီး တောင်းခမ်းဟာ စစ်ကောင်စီအတွက် အနီရောင်အဆင့်ကို ရောက်နေပြီး လက်ရှိအချိန်မှာ အဆက်အသွယ် ပြတ်တောက်နေတယ်တယ်လို့ သိရပါတယ်။ စစ်လော်ဘီတွေကတော့ လေကြောင်းပစ်ကူ အပြင်းအထန်လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဓာတ်ပုံ။

PSLF/ TNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို