နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်ခေါင်းဆောင် သေဆုံးဖွယ်ရှိကြောင်း အစ္စရေးစစ်တပ်ဆို

အောက်တိုဘာ (၁၇) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်တိုက်ခိုက်နေသည့် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ ထိပ်တန်းခေါင်းဆောင် ယာဟယာ ဆင်ဝါ (Yahya Sinwar) သည် သေးဆုံးသွားဖွယ်ရှိကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာလ (၁၇) ရက်၌ ကြေညာခဲ့ပြီးအတည်ပြုရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် ဂါဇာရှိ စစ်ဆင်ရေးတစ်ခုတွင် အကြမ်းဖက်သမားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဆင်ဝါ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမတ်စ်တို့က အစ္စရေးကို အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်သည် ဟားမတ်စ်များကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ဂါဇာကို ကျူးကျော်ဝင်ရောက်ခဲ့သည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် ဟာနီယာသည် အီရန်နိုင်ငံသို့ သွားရောက်လည်ပတ်ရာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး သြဂုတ်လတွင် ဟားမတ်စ်က ၎င်းအား ဆက်ခံမည့် ဂါဇာကမ်းမြောင်ဒေသ၏ အကြီးအကဲဖြစ်သည့် ဆင်ဝါကို ၎င်း၏နေရာကို ဆက်ခံရန် ရွေးချယ်ခဲ့သည်။

ဆင်ဝါကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှု၏ နောက်ကွယ်မှ ချုပ်ကိုင်သူဟု အစ္စရေးဘက်က စွတ်စွဲထားသည်။ ၎င်းသည် အစ္စရေးကို တော်လှန်ခြင်း၏ သင်္ကေတဖြစ်ပြီး အစ္စရေးစစ်တပ်အတွက် ထိပ်တန်းပစ်မှတ်ဖြစ်သည်။

၎င်း၏သေဆုံးမှုကို အတည်ပြုပါက အဖွဲ့အစည်းအား အားနည်းစေရုံသာမက တိုက်ခိုက်ရေးသမားများကိုပါ စိတ်ဓာတ်ကျဆင်းစေကာ တစ်နှစ်ကျော်ကြာမြင့်ခဲ့သည့် ဂါဇာရှိ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခကို ပြင်းထန်သော အလှည့်အပြောင်းသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

အစ္စရေးစစ်တပ်သည် စစ်ဆင်ရေး၏ နေ့ရက်၊ အချိန် သို့မဟုတ် သီးခြားတည်နေရာကို ဖော်ပြထားခြင်း မရှိပေ။ စစ်ဆင်ရေးဖြစ်ပွားရာ ဒေသတွင် ဟားမတ်စ်အဖွဲ့မှ ဓားစာခံများကို အစ္စရေးမှ ကယ်တင်သွားခြင်း မရှိပေ။

AFP သတင်းအေဂျင်စီ၏အဆိုအရ၊ အစ္စရေးသည် ဆင်ဝါ၏ရုပ်ကြွင်းများဟုတ်မဟုတ်ဆုံးဖြတ်ရန် DNA စစ်ဆေးမှုများ ပြုလုပ်နေသည်။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်ဝင်ရောက်ချိန်ကတည်းက ဆင်ဝါကို လိုက်ရှာနေသော်လည်း ဟားမတ်စ်၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသော မြေအောက်ဥမင်လိုဏ်ခေါင်းတွင် ပုန်းအောင်းနေသည်ဟု ယူဆရသည့် သူ့ကို ရှာဖွေရန်မှာ ခက်ခဲသည်ဟု ဆိုကြသည်။

ဓာတ်ပုံ။

ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် ဆင်ဝါ


ဟားမတ်စ်ခေါင်းဆောင်၏ရုပ်အလောင်းကို အစ္စရေးစစ်တပ် ထုတ်ဖော်ပြသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို