နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး မြန်မာသတင်း

ပုလဲမြို့ကို စစ်ဆင်ရေး (၂)ရက်အကြာမှာ လေကြောင်းပစ်ကူတွေကြားကနေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့၊ တိုက်ပွဲထဲ BNRA ရဲဘော် (၉)ဦးကျဆုံး

နိုဝင်ဘာလ (၁၇)ရက်။

ပုလဲမြို့ကို စစ်ဆင်ရေးစတင်ခဲ့ပြီး (၂)ရက်အကြာမှာ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းပစ်ကူတွေကြားကနေ ထိန်းချုပ်နိုင်ခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပုလဲမြို့ကို စစ်ကောင်စီရဲ့ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်နဲ့ မကွေးကလခတို့က လေကြောင်းပစ်ကူ အခေါက်ရေ (၇၀)ကျော် ပစ်ကူပေးတဲ့ကြားကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ပူလဲမြို့ကို BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဆက်လက်ထိန်းချုပ်ဖို့ အဘက်ဘက်ကနေ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက ဝေဟင်ကနေ စစ်ကူချတာနဲ့ ပစ်ကူတာတွေကို ဖြတ်တောက်ဖို့ခက်ခဲတာကြောင့် မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က သုံ့ပန်း (၂၅)ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး အဲ့ဒီထဲမှာ အများဆုံးက ဘန်ကာထဲ လက်ပစ်စီး ပစ်ထည့်ခံရတာကြောင့် ထိခိုက်ဒဏ်ရာတွေရရှိထားကာ ဆေးကုသပေးနေတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီထံက MA1 (၅)လက်၊ MA2 (၂)လက်၊ MA3 (၄)လက်၊ MA4ထောက်တွဲ (၁)လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နဲ့ ကပစ ၅.၅၆ကျည် အများအပြားအပါအဝင် G3 ကျည်ဘောက်အပို (၄)ဘောက်နဲ့ MA အပိုကျည်ဘောက် (၂၉ )ဘောက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးထဲ BNRA ရဲဘော် (၉)ဦး ကျဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး GZA ကတစ်ဦးရှိခဲ့ကာ BNRA ဦးဆောင်ပြီး မိတ်ဖက်အညာညီနောင်ဖြစ်တဲ့ GZA နဲ့ ရေစကြိုက လက်သံပြောင်တဲ့ ဗိုလ်အောင်မောင်းရဲ့ Southern Yesagyo(SYSO)တို့ ပူးတွဲလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်းညီနောင်စစ်ဆင်ရေး (CB Operation)နဲ့ ချိတ်ဆက်ကာ Coordinate Movement အနေနဲ့ လုပ်ဆောင်ခဲ့တာကြောင့် အခုလို အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တာဖြစ်ပြီး ချင်းညီနောင်စစ်ဆင်ရေးထဲ BNRA နဲ့ GZA တို့ ပါဝင်ဆင်နွှဲနေတယ်လို့လဲ အသိပေးပြောဆိုထားပါတယ်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးထဲ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်တာအပါအဝင် လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ပူးပေါင်းဆောင်ရွက်ကြတဲ့ မြို့နယ်ပကဖ ဒုတယဝန်ခံ ဒေါက်တာနန်းဝင်းကို ကျေးဇူးတင်လို့ ထည့်သွင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 19 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 37 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး