ဧပြီလ (၁၈)ရက်။
မနေ့က နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းအမိန့်ထဲ နိုင်ငံရေးအကျဉ်းသား/သူ (၄)ရာခိုင်နှုန်းသာ ပါ၀င်ခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ အကျဉ်းသားဦးရေ (၃၀၀၀)ကျော် ပြန်လွှတ်ပေးအထဲမှာ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၁၀၁)ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းက ရွှေဘို၊ မုံရွာနဲ့ ကလေးအကျဉ်းထောင်တွေကနေ ပြန်လည်လွှတ်ပေးခဲ့တဲ့အထဲ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမပါဘဲ အင်းစိန်ထောင်က (၁၈)ဦးနဲ့ ရမည်းသင်းထောင်က (၁၉)ဦး အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့တဲ့ KBC အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွမ်ကို အဲ့ဒီနေ့ ညပိုင်းမှာ ပြန်ခေါ်သွားပြီး အခုအချိန်အထိ နေအိမ်ကို ပြန်မပို့ပေးသေးဘူးလို့ ရေးသားထားပါတယ်။
အခု ကောက်ယူရရှိထားတဲ့ အရေအတွက်ဟာ မြေပြင်ကနေ အခက်အခဲ အတားအဆီးတွေကြားကနေ ပေးပို့တဲ့အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး နောက်ဆုံးအခြေအနေနဲ့ အရေအတွက်တွေကို ဖြည့်စွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။