နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီရဲ့ ခမရ(၃၅၃)ကို သိမ်းပိုက်ချိန် ဖမ်းဆီးထားတဲ့ မူဆလင်ကလေးငယ်တွေအပါအ၀င် (၃၅)ဦးကို တွေ့ရှိကယ်ထုတ်ခဲ့တယ်လို့ AA ထုတ်ပြန်

မေလ (၁၈)ရက်။

စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် ခမရ(၃၅၃)တပ်ရင်းကို သိမ်းပိုက်ရှင်းလင်းချိန် ဖမ်းဆီးခံထားရတဲ့ မူဆလင်ကလေးငယ်တွေအပါအ၀င် (၃၅)ဦးကို တွေ့ရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခမရ(၃၅၃)တပ်ရင်းကနေ တွေ့ရှိခဲ့သူတွေဟာ ခရုချောင်း မူဆလင်ကျေးရွာကဖြစ်ပြီး ကလေးငယ်တွေအပါအ၀င် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၅)ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သူတို့တွေကို စစ်ကောင်စီက (၃)ရက်ကြာတဲ့အထိ အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ထားတာဖြစ်ပြီး အာရက္ခတပ်တော်(AA)က ကယ်ထုတ်နိုင်ခဲ့တာကို ရုပ်သံဖိုင်နဲ့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို ဖမ်းဆီးထားတာဟာ (၃)လကြာတဲ့အထိ ရှိပြီဖြစ်ကာ ဖမ်းဆီးခံရသူတွေထဲ သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိထားတဲ့ မူဆလင်အမျိုးသမီးတစ်ဦးပါ၀င်တယ်လို့ ဆိုပါတယ်။

ခမရ(၃၅၃)တပ်ရင်းဟာ ဘူးသီးတောင်မြို့မှာ သိမ်းပိုက်ရရှိဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ စကခ(၁၅)လက်အောက်ကဖြစ်ကာ AA အနေနဲ့ ဧပြီလ နောက်ဆုံးအပတ်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အခုလို စစ်ကောင်စီရဲ့ ခမရ(၃၅၃)တပ်စခန်းအပါအ၀င် ဘူးသီးတောင်မြို့ကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောဆိုတာတွေရှိပေမယ့် AA ဘက်ကတော့ တရား၀င်ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 32 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 32 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 23 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်သတင်းသမား (၃၃)ဦးဟာ ဇွန်လ (၁၄)ရက်နေ့က အစည်းအဝေးပြုလုပ်ပြီး ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ APC