နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Covid-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိ

+++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၁၈) ရက်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မဲဆွယ်မှုအတွက် အရေးကြီးသော အခိုက်အတန့်တွင် Covid-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း CNN တွင် ဖော်ပြခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန်သည် ဗုဒ္ဓဟူးနေ့တွင် Covid-19 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရွေးကောက်ပွဲတွင် လက်တင်နို မဲဆန္ဒရှင်များအား ထောက်ခံမှု ရရှိစေရန် ရည်ရွယ်သော အဓိကမဲဆွယ်ပွဲကို မတက်ရောက်နိုင်ခဲ့တော့ပေ။

ဘိုင်ဒန်သည် အသက် ၈၁ နှစ်အရွယ်တွင် ကိုဗစ် အပျော့စား ရောဂါလက္ခဏာများ ခံစားရပြီး ၎င်း၏ပထမဆုံးအကြိမ် ဗိုင်းရပ်စ်ပိုးသတ်ဆေး Paxlovid ကို ရရှိခဲ့ကြောင်း ၎င်း၏ဆရာဝန်က ပြောကြားခဲ့သည်။

ကာကွယ်ဆေးအပြည့်ထိုးပြီး ကိုယ်ခံအား မြှင့်တင်ထားသည့်ဘိုင်ဒန်က သူ၏ ဒယ်လ်ဝဲယားနေအိမ်တွင် သွားရောက်အနားယူရန် Air Force One ပေါ် မတက်ခင် လာ့စ်ဗီးဂတ်စ်လေဆိပ်တွင် သတင်းထောက်များကို လက်မထောင်ပြခဲ့ပါသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သမ္မတသည် ထိုနေရာတွင် သီးခြားခွဲထားပြီး နေထိုင်မည်ဖြစ်သည်။

သို့ရာတွင် Air Force One ပေါ်သို့ တက်ရောက်သည့် ဘိုင်ဒင်၏ ခြေလှမ်းများ အလွန်လေးလံနေသည်ကို စိတ်ပူပန်ဖွယ်ရာတွေ့ရကြောင်း သတင်းထောက်များက ပြောကြသည်။

သမ္မတသည် Covid-19 ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ကူးစက်သည်ကို မသိရဟု ဆိုသည်။ ဒီမိုကရက်တစ်အမတ်များက သမ္မတကို အပြင်ထွက်တွေ့ဖို့ အော်ဟစ်တောင်းဆိုနေသည့်အချိန်မှာ ရုတ်တရက် ရောဂါရှာဖွေတွေ့ရှိခြင်းကြောင့် သမ္မတကို သီးခြားခွဲထားပြီး နေထိုင်မည်ဖြစ်သည်။

ဓာတ်ပုံ။

လာ့စ်ဗီးဂတ်စ်လေဆိပ်တွင် သမ္မတဂျိုးဘိုင်ဒန်သည် COVID-19 ရောဂါပိုးတွေ့ရှိပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် Air Force One ပေါ်တက်ရန် ပြင်ဆင်နေစဉ် လက်မထောင်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 33 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ