နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဧလာလေတပ်စခန်း တိုက်ခိုက်ခံရတာမှာ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၄)ဦးအထိ သေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန်

ဇူလိုင်လ (၁၈)ရက်။

နေပြည်တော်ရှိ ဧလာလေတပ်စခန်းကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၄)ဦးအထိ သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကနဦးထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဧလာလေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီရဲ့ အခြားအဆင့်စစ်သည်‌တွေ ပျောက်ဆုံးနေတာကို ဖော်ပြခဲ့ရာ (၇)ဦးမဟုတ်ဘဲ (၁၅)ဦးဖြစ်တယ်လို့ အတွင်းသတင်းတွေအရ ဆိုပါတယ်။

လေတပ်စခန်း တိုက်ခိုက်ခံရတဲ့အတွက် ၀ယ်ယူထားတဲ့ ဒရုန်းတွေကို စစ်ကောင်စီက ပြောင်းရွှေ့နေချိန် ဂိုဒေါင်ပြိုကျကာ လေတပ်အရာရှိ (၃)ဦးနဲ့ ပျောက်ဆုံးနေတဲ့ အခြားအဆင့်စစ်သည် (၁၅)ဦး ထပ်မံသေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဧလာလေတပ်စခန်း တိုက်ခိုက်ခံရတဲ့အထဲ ကနဦးသေဆုံးသူ (၁၆)ဦးရှိခဲ့ပြီး (၁၈)ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့၀င် စုစုပေါင်း (၃၄)ဦးအထိ သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို BWM ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်တာတို့ကြောင့် စစ်ကောင်စီရဲ့ လေယာဉ် (၃)စင်း ထိခိုက်ပျက်စီးခဲ့ကာ လက်နက်ခဲယမ်းတိုက်အပါအ၀င် အဆောင်အဦတွေ မီးလောင်ပျက်စီးခဲ့တာပါ။

ဒါ့အပြင် BWM စီမံတဲ့ ဧလာလေတပ်စစ်ဆင်ရေးထဲ စစ်ကောင်စီရဲ့ အဆိပ်ငွေ့ဗုံးဂိုဒေါင်ကို ထိခိုက်တာ (၂)ကြိမ်ရှိခဲ့ပြီး လေတပ်ဖြိုမယ့်စစ်ဆင်ရေးကို ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေကလဲ ၀န်ရံပေးကြဖို့ တောင်းဆိုထားပါတယ်။

ဇူလိုင်လ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်မှာ စစ်ကောင်စီအားထားရတဲ့ နေပြည်တော်ရှိ အဆင့်မြင့်‌ဧလာလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 84 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 62 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 77 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 58 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို