နိုဝင်ဘယလ (၁၈)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ဇီးကုန်းရွာ သကြားစက်အထိုင်ကနေ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
“ ဒီနေ့ နံနက် (၇)နာရီခွဲနဲ့ (၈)နာရီ (၂၀)မိနစ်မှာ ဇီးကုန်း သကြားစက်အထိုင်ကနေ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်ကောင်စီက ဒရုန်းနဲ့ (၂)ကြိမ်တိုင် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာကြောင့် ခရီးသွားပြည်သူတစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေလဲ ရှိတယ်လို့ ကနဦးသတင်းတွေအနေနဲ့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုဝင်ဘာလ (၁၆)ရက်နေ့ကလဲ ညနေ (၄)နာရီခွဲခန့်က ဇီးကုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေက ဇီးကုန်းမြို့ လယ်ဆည်ရပ်ကွက်ကို ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
“ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်လောက်ကလဲ ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်း (၂)ကြိမ်တိုက်ခိုက်ခဲ့တာ။ နောက်ပြီးတော့ ကျွန်းလှအနောက်ခြမ်းမှာ ကင်းထောက်လေယာဉ်တစ်စီး ဝဲပျံနေတယ်” လို့ ဆိုထားပါတယ်။
မနေ့က ညနေ (၄)နာရီကျော်ကလဲ ကျွန်းလှမြို့ရှိ လိပ်ဆင်းတောင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး ကားဝပ်ရှော့က ကားတွေနဲ့ နေအိမ် (၃)လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။