နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ဘုန်းကြီးတစ်ပါးအပါအဝင် ခရီးသွားပြည်သူ (၄)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရခဲ့

နိုဝင်ဘာလ (၁၈)ရက်။

ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကန့်ဘလူမြို့တောင်ခြမ်းရှိ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ခရီးသွားကားတစ်စီးအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဇီးကုန်းသကြားစက်အထိုင်ကနေ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ ပထမအကြိမ်မှာ ဗုံးသီး (၃)လုံး၊ ဒုတိယအကြိမ်မှာ ဗုံးသီး (၂)လုံး ကြဲချခဲ့တာ။ အဲ့ဒီဗုံးတွေက ခရီးသွားကားတစ်စီးရဲ့ ဘေးကို တည့်တည့်ကျပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်သေဆုံးခဲ့တာ၊ ကား‌တွေလဲ ပျက်စီးသွားတယ်” လို့ ဆိုပါတယ်။

ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ငွေတိုးမန်း ခရီးသွားကားဘေး ကျရောက်ခဲ့ပြီး ခရီးသည်တွေဖြစ်တဲ့ ဘုန်းကြီးတစ်ပါးအပါအဝင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကာ (၁၀)ဦးဒဏ်ရာရခဲ့သလို ကား (၂)စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကန့်ဘလူနဲ့ ကျွန်းလှမြို့တို့မှာ အရပ်သားနေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူတွေကို သတ်ဖြတ်တာ၊ ရွာတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးသီးချတာ၊ ပျုစောထီးသင်တန်းတက်ဖို့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတာ (၂)ပတ်ကျော်ကြာမြင့်ပြီလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ ပြည်သူ (၁၃၀)ဦးခန့်လဲ ဒီကနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၁၆)ရက်နဲ့ (၁၇)ရက်တို့မှာ ကန့်ဘလူမြို့ အလယ်ခုံရွာ၊ ကျွန်းလှမြို့ ရွာကုန်းကြီးနဲ့ လိပ်ဆင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်တွေနဲ့ ကားအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စလင်းမြို့ ခလရ(၂၅၃)က စစ်ကောင်စီတပ်သား(၂)ဦး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က စလင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၃)တပ်စခန်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင်(LPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်က မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မန်းခရိုင်ပကဖရဲ့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ ထပ်မံဗုံးကြဲခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၁၈)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဗုံးထပ်ကြဲသွားတာ။ အရပ်သားထိခိုက်သေဆုံးတာနဲ့
မြန်မာသတင်း

ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့ ဇန်နဝါရီလ (၂၇)ရက်။ ဗန်းမော်လေယာဉ်ကွင်းနဲ့ အနီးရှိ စစ်ကောင်စီရဲ့ စရဖရုံးတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ အခု
မြန်မာသတင်း

ရေကြည်မြို့မှာ အရက်သေစာသောက်စားပြီး ချောင်းထဲရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 4 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က ပုသိမ်ခရိုင် ရေကြည်မြို့ သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်ပြီး ရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ သီတာကုန်းပြင်က ချောင်းထဲ အရက်သောက်ပြီး ရေဆင်းကူးတဲ့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 7 Views
ဇန်နဝါရီလ (၂၇)ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတွေမှာ KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားတာတွေနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ သမိုင်းအစဉ်အလာအရဆိုရင်တော့ အခုနယ်မြေအငြင်းပွားနေတဲ့ ရှမ်းမြောက်က နေရာတွေက TNLA မပေါ်ခင်ကထဲက KIA
မြန်မာသတင်း

လေကြောင်းရန်ကာကွယ်တဲ့နည်းလမ်းတွေ လိုက်နာဖို့ TNLA အသိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 8 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ TNLA က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီလက်ထက် သတင်းသမား (၄၃)ဦး ဖမ်းဆီးခံထားရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ (၄)နှစ်တာကာလထဲ သတင်းမီဒီယာသမား (၄၃)ဦး အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ((IPCM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ သတင်းသမားဦးရေ (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲ သတင်းသမား အနည်းဆုံး (၃၀)ကျော်ကနေ အများဆုံး