နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အီးယူနိုင်ငံခြားရေးဝန်ကြီးက “ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်အဖြစ် အသုံးပြုနေတယ်” လို့ အစ္စရေးကို ရှုတ်ချ။

မတ်လ (၁၉) ရက်။

သံတမန်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး Borrell က အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် ဆာလောင်မွတ်သိပ်မှုကို အစ္စရေးသည် စစ်လက်နက်အဖြစ် အသုံးပြုနေသည်ဟု မတ်လ (၁၈) ရက်နေ့က ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသ အခြေအနေနှင့် ပတ်သက်၍ Borrell က “ ငတ်မွတ်ခေါင်းပါးခါနီး အခြေအနေတောင် မဟုတ်တော့ဘဲ လူထောင်ပေါင်းများစွာကို ထိခိုက်စေတဲ့ အငတ်ဘေး ကြုံနေရပြီဖြစ်တယ်´ ဟု ဆိုခဲ့ပြီး အဆိုပါအခြေအနေကို ဖြစ်ပေါ်စေသည့် တိုက်ရိုက်အကြောင်းရင်းမှာ “ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာ ထောက်ထားမှုတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်နေတဲ့ အစ္စရေးကြောင့်” ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါသည်။

Borrell သည် ဘယ်လ်ဂျီယံနိုင်ငံ Brussels တွင် ကျင်းပသည့် နိုင်ငံတကာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ “နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ ရာနဲ့ချီ တဲ့ထရပ်ကားတွေ ဂါဇာကမ်းမြောင်ကိုဝင်ရောက်ဖို့ အစ္စရေးက ပိတ်ဆို့ထားပါတယ်” ဟု ၎င်းက ပြောသည်။ ကုန်တင်ကားများ ရပ်တန့်နေပြီး အကူအညီများ စောင့်ဆိုင်းနေချိန်တွင် လူများသေဆုံးလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို အစ္စရေးကြောင့် ပိတ်လိုက်ရခြင်းကြောင့် ပင်လယ်နှင့် လေကြောင်းများမှ အကူအညီများ ပေးအပ်ရန် လိုအပ်ကြောင်း Borrell မှ ထောက်ပြခဲ့သည်။

အစ္စရေးဘက်ကတော့ အကူအညီများ တင်ပို့မှု ပြဿနာသည် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်မည့် ထရပ်ကားများကို ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ကြောင်း အစ္စရေးက အကြိမ်ကြိမ် တုံ့ပြန်ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသအတွင်း ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးတွင်သာ ပြဿနာရှိကြောင်း၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများတွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဂါဇာကမ်းမြှောင်ဒေသတခုလုံးကို ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးကို အလေးအနက် စွမ်းအားသုံးပြီး မလုပ်တာကြောင့်သာဖြစ်တယ်” ဟု ဟု အစ္စရေး သိမ်းပိုက်ထားသော နယ်မြေများဆိုင်ရာ အစိုးရလှုပ်ရှားမှုများဆိုင်ရာ ညှိနှိုင်းရေးမှူး (COGAT) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မစ္စတာ Borrell ပြီးနောက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Griffiths က ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂအေဂျင်စီများ၏ လုပ်ငန်းများကို မလုပ်နိုင်အောင် ဟန့်တားခံနေရပြီး ဟန့်တားခံနေရသည့်အတွက် မလုပ်နိုင်ခြင်းအပေါ် လုံလောက်အောင် မလုပ်ဆောင်ဘူးဟု ဝေဖန်ခံနေရခြင်းသာဖြစ်ကြောင်း မစ္စတာ Borrell က အလေးပေးပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို “ စစ်ပွဲ၏လက်နက်” အဖြစ် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

Source: CNN

သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အီးယူနိုင်ငံခြားရေး ဝန်ကြီး Borrell က အစ္စရေးအား “ ငတ်မွတ်မှုကို စစ်လက်နက်အဖြစ် အသုံးပြုနေသည်” ဟု ပြောဆိုခဲ့သည်။ Kenzo Tribouillard/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ဇလန်းစကီး၏ လူချင်းတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ပူတင် ပယ်ချ၊ ‘အကြောင်းမထူး’ ဟုဆို

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ၏ လူချင်းတိုက်ရိုက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အီရန်

အထူးသတင်း- အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အီရန်က မိမိနိုင်ငံကို အကျိုးအမြတ်အတွက် ခုတုံးလုပ်နေသည်ဟု လက်ဘနွန်သမ္မတ စွပ်စွဲ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် (Joseph Aoun) က သောကြာနေ့တွင် အီရန်နိုင်ငံအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော
နိုင်ငံတကာသတင်း အမေရိကန်

ယူအက်စ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်ခေါင်းဆောင်များအကြား တင်းမာမှုများဖြစ်ပေါ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၉ရက် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဂ်ဆက်သ် (Pete Hegseth) သည် တပ်မတော်အတွင်း သံသယ စိတ်ကြီးမားမှု၊ သတင်းအချက်အလက် ထိန်းချုပ်မှုများနှင့် အဆင်ခြင်မဲ့ ရာထူးမှထုတ်ပယ်မှု များကြောင့် ပင်တဂွန် (Pentagon) စစ်ဌာနချုပ်အတွင်း စိုးရိမ်ထိတ်လန့်မှုနှင့်
နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိမ်ဂျယ်လစ်မြို့ကြီးကို သနပ်ခါးလိမ်းပေးခြင်း

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် Aljazeera သတင်း- လော့စ်အိမ်ဂျယ်လစ်မြို့ကြီးတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည် ဖြစ်သည့်အတွက် မြို့တော်တွင်းရှိ အိမ်မဲ့ယာမဲ့များကို ရွေ့ပြောင်း နေရာချထားမှုများကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပြီး တယောက်နေ လူနေအခန်းငယ်လေးများကို ဆောက်လုပ်ပြီး အိမ်မဲ့ယာမဲ့များကို နေရာချထားပေးလျက်ရှိသည်။
နိုင်ငံတကာသတင်း ဖိလစ်ပိုင် အရှေ့တောင်အာရှ

ဖိလစ်ပိုင်တွင် ပြင်းအားပြင်းငလျင်လှုပ်ခတ်၊ အာရှတစ်လွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
Aljazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် ဖိလစ်ပိုင်- မင်ဒါနာအိုကျွန်းအလွန်တွင် ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး

အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီး ရက်ပိုင်းအကြာတွင် အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်ကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
ဂျွန် ဆဒ်ဝပ်သ် နှင့် ဆာမန်သာ ဂရန်ဗီးလ် ရေးသားသည်။ ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် ဘေရွတ်မြို့ – လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အမေရိကန်

မဲမသမာမှုလုပ်ရပ်ဟူသော ပြောဆိုချက်အပေါ် အငြင်းပွားပြီးနောက် ထရမ့်က (NBC)နှင့် အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပြောဆိုချက်အချို့အပေါ် အစီအစဉ် တင်ဆက်သူ ခရစ္စတင် ဝဲလ်ကာ (Kristen Welker) က အကြိမ်ကြိမ် မေးခွန်းထုတ်