နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကို တော်လှန်မယ့်ပြည်သူတွေအတွက် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းထား

မတ်လ (၁၉)ရက်။

စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းမယ့်ဥပဒေကို တော်လှန်မယ့်ပြည်သူတွေအတွက် စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က စစ်မှုထမ်းဥပဒေကို တော်လှန်ကြမယ့်ပြည်သူတွေအတွက် အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။

“ ပြည်သူကို အဓမ္မစေခိုင်းတာက ဆန့်ကျင်ရှုတ်ချတယ်ဆိုပြီး သဘောထားထုတ်ပြန်ရုံနဲ့ မလုံလောက်ပါ။ ဖက်စစ်တို့ဘေးရန်ကနေ ရှောင်တိမ်းလိုတဲ့ ပြည်သူတွေကို လက်တွေ့ကူညီနေရာချထားမှရမယ်ဆိုတာ ယုံကြည်တာကြောင့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး ကူညီဆောင်ရွက်မှာပါ” လို့ ပြောဆိုထားပါတယ်။

ချိတ်ဆက်တိမ်းရှောင်လိုတဲ့ ပြည်သူတွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသခံ(၅/–)ဖြစ်ရမှာဖြစ်ပြီး လုပ်ငန်းအဖွဲ့က ချိတ်ဆက်ပေးတဲ့နေရာကို သွားရောက်နေထိုင်နိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဓမ္မစစ်မှုထမ်းဖို့ သတ်မှတ်ခံထားရတဲ့ အသက်အရွယ်ဖြစ်ရမှာဖြစ်သလို စစ်ကောင်စီကို တနည်းနည်းနဲ့ အားပေးထောက်ခံခဲ့သူ(ဥပမာ-စစ်တပ်ထုတ်ကုန် ဖြန့်ဖြူးရောင်းချသူ၊ Non-CDM စတာ)မဖြစ်ရဘူးလို့ ရေးသားထားပါတယ်။

လုပ်ငန်းအဖွဲ့က စီစဉ်ပေးတဲ့ တော်လှန်ရေး (ဒါမှမဟုတ်) ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့ အနည်းဆုံး တစ်နှစ် တာဝန်ထမ်းရွက်လိုသူဖြစ်ရမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကခန့်အပ်ထားတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အစည်းအဝေးတွေ ပြုလုပ်နေပြီး အသက်ပြည့်ပြီးသူတွေရဲ့ စာရင်းတွေ အချိန်မီကောက်ယူဖို့ ညွှန်ကြားထားတယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 1 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ
မြန်မာသတင်း

မအလအိန္ဒိယခရီးစဥ်နဲ့တရုပ်သြဇာလွှမ်းမိုးမှု”

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၅၀)မှာ မအလ အိန္ဒိယခရီးစဥ်ကို ဘာရည်ရွယ်ချက်နဲ့သွားခဲ့သလဲ ဆိုတာကိုလေ့လာသုံးသပ်ခြင်းနဲ့ မြန်မာနိုင်ငံကို တရုတ် သံတမန်တွေလာရောက်ပြီး မြန်မာ-တရုတ် ဆက်ဆံရေး တိုးမြင့်ဖို့ အတွက် ဘာကြောင့် အင်တိုက် အားတိုက် လုပ်ဆောင်နေလဲဆိုတာတွေကို