နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေး အမေရိကန် ဗီတိုအာဏသုံးပြီး ပယ်ချ

ဧပြီလ (၁၉) ရက်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဧပြီလ ၁၈ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အမေရိကန်၏ ဗီတိုအာဏာကြောင့် ပယ်ချခံခဲ့ရသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံက ဗြိတိန်နှင့် ဆွစ်ဇာလန်တို့က ကြားနေခဲ့ပြီး အမေရိကန်က ဗီတိုအာဏာသုံးခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မိုဟာမက် အာဘတ်စ် (Mahmoud Abbas) က ကုလသမဂ္ဂတွင် ပါလက်စတိုင်းအဖွဲ့ဝင်အဖြစ် အပြည့်အဝထောက်ခံအားပေးသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ဆန္ဒကို ဆန့်ကျင်ပြီး အမေရိကန်၏ ဗီတိုအာဏာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကာ(ဇ) (Israel Katz) က အဆိုပါဆုံးဖြတ်ချက်သည် ရှက်ဖွယ်ကောင်းသော အဆိုပြုချက်ဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး အမေရိကန်၏ ဗီတိုအာဏာကို ချီးကျူးခဲ့သည်။ `

`ဂျူးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး ခြောက်လကျော်အကြာမှာ ပါလက်စတိုင်းကို ပြည်နယ်အဖြစ် အသိအမှတ်ပြုဖို့ အဆိုပြုချက်ဟာ ဟားမတ်စ် အကြမ်းဖက်သမားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေကို ချီးမြှောက်ဖို့ အဆိုပြုချက်ပဲ´´ ဟု X (ယခင်တွစ်တာ) တွင် ရေးသားခဲ့သည်။

မဲမပေးမီတွင် အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပက်တဲလ် (Vedant Patel) က ၎င်းဆုံးဖြတ်ချက်အား ဗီတိုအာဏာသုံးမည်ဟု ကြေညာခဲ့ပြီး အချိန်မတန်သေးကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်တို့ကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းရန် ပါလက်စတိုင်းသည် အနာဂတ်နိုင်ငံတော်အဖြစ် ထားရစ်ပြီး ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အဖွဲ့ဝင်ဖြစ်မှု စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိကို သဘောတူညီမှုမရှိဟုလည်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းသည် ၂၀၁၁ ခုနှစ်ကတည်းက ကုလသမဂ္ဂတွင် တရားဝင်နိုင်ငံအဖြစ် ပါဝင်ရန် ရည်မှန်းထားပြီး ၂၀၁၂ ခုနှစ်တွင် “ အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံ” အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ