နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေး အမေရိကန် ဗီတိုအာဏသုံးပြီး ပယ်ချ

ဧပြီလ (၁၉) ရက်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဧပြီလ ၁၈ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အမေရိကန်၏ ဗီတိုအာဏာကြောင့် ပယ်ချခံခဲ့ရသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံက ဗြိတိန်နှင့် ဆွစ်ဇာလန်တို့က ကြားနေခဲ့ပြီး အမေရိကန်က ဗီတိုအာဏာသုံးခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မိုဟာမက် အာဘတ်စ် (Mahmoud Abbas) က ကုလသမဂ္ဂတွင် ပါလက်စတိုင်းအဖွဲ့ဝင်အဖြစ် အပြည့်အဝထောက်ခံအားပေးသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ဆန္ဒကို ဆန့်ကျင်ပြီး အမေရိကန်၏ ဗီတိုအာဏာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကာ(ဇ) (Israel Katz) က အဆိုပါဆုံးဖြတ်ချက်သည် ရှက်ဖွယ်ကောင်းသော အဆိုပြုချက်ဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး အမေရိကန်၏ ဗီတိုအာဏာကို ချီးကျူးခဲ့သည်။ `

`ဂျူးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး ခြောက်လကျော်အကြာမှာ ပါလက်စတိုင်းကို ပြည်နယ်အဖြစ် အသိအမှတ်ပြုဖို့ အဆိုပြုချက်ဟာ ဟားမတ်စ် အကြမ်းဖက်သမားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေကို ချီးမြှောက်ဖို့ အဆိုပြုချက်ပဲ´´ ဟု X (ယခင်တွစ်တာ) တွင် ရေးသားခဲ့သည်။

မဲမပေးမီတွင် အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပက်တဲလ် (Vedant Patel) က ၎င်းဆုံးဖြတ်ချက်အား ဗီတိုအာဏာသုံးမည်ဟု ကြေညာခဲ့ပြီး အချိန်မတန်သေးကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်တို့ကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းရန် ပါလက်စတိုင်းသည် အနာဂတ်နိုင်ငံတော်အဖြစ် ထားရစ်ပြီး ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အဖွဲ့ဝင်ဖြစ်မှု စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိကို သဘောတူညီမှုမရှိဟုလည်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းသည် ၂၀၁၁ ခုနှစ်ကတည်းက ကုလသမဂ္ဂတွင် တရားဝင်နိုင်ငံအဖြစ် ပါဝင်ရန် ရည်မှန်းထားပြီး ၂၀၁၂ ခုနှစ်တွင် “ အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံ” အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်သံတမန်နှင့် ပူတင်တို့ မတွေ့ဆုံမီ မော်စကိုမြို့အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားစစ်ဗိုလ်ချုပ် သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 6 Views
ဧပြီလ (၂၆) ရက်။ ရုရှားနိုင်ငံ ဘလာရှီကာ (Balashikha) မြို့မှာ ဒီနေ့ (၂၆) ရက် သောကြာနေ့က ကားဗုံးပေါက်ကွဲမှု
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း-ရုရှားစစ်ပွဲကိုရပ်ရန်အမေရိကန်အစိုးရ၏တွန်းအားပေးနေသည့်မူချမှတ်ထားမှုသည်မဟာမိတ်နိုင်ငံများကို စိုးရိမ်တပ်လှန့်သွားစေခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 6 Views
ဧပြီလ (၂၅) ရက်။ ထရန့်အစိုးရ၏ မူဘောင်ချမှတ်ထားမှုတွင် ယူကရိန်းမှ များပြားသည့် လိုက်လျောမှုကို လုပ်ဆောင် ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ခရိုင်းမီးယားကို ရုရှား၏နယ်မြေအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ဘဏ္ဍာရေးဝန်ကြီးဘက်ဆင့်နှင့် အီလွန်မတ်စ်တို့ ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ်ငြင်းခုံရန်ဖြစ်ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 15 Views
ဧပြီလ (၂၄) ရက်။ ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန် သတင်းဝဘ်ဆိုဒ် Axios က ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့်၊ ထရန့်အစိုးတွင် ထိပ်တန်းစီးပွားရေး ကက်ဘိနက်အဖွဲ့ဝင် နှင့် သမ္မတထရန့်၏အနီးကပ် အကြံပေး စီးပွားရေး လုပ်ငန်းရှင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ထရန့်-ဇလန်းစကီး စကားစစ်ပွဲအပြီး ရုရှားက ကိယက်ဗ်ကို တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 14 Views
ဧပြီလ (၂၄) ရက်။ ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ၂၄ ရက်နေ့ အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှု မစမီ နာရီပိုင်းအလိုမှာ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ယူကရိန်း သမ္မတ ဇလန်းစကီးဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏ အမိမြေလုံခြုံရေးဝန်ကြီး လုံခြုံရေးများ ရှိနေသည့်ကြားက ပိုက်ဆံအိတ် အခိုးခံရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 20 Views
++++++++++++ ဧပြီလ (၂၃) ရက်။ အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စတီနုံးမ် (Kristi Noem) သည် အီစတာနေ့ (ဧပြီလ ၂၀ရက်နေ့) တွင် မိသားစုများနှင့် ဝါရှင်တန်ဒီစီရှိ စားသောက်ဆိုင်တခုတွင် စားသောက်ပွဲကျင်းပနေစဥ် သူမ၏လက်ကိုင်အိတ်ကို ခိုးယူခြင်းခံခဲ့ရ‌ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
+++++++++++++++++++ အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ ဟိမ၀န္တာဒေသမှာ အရပ်သားအများ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလို့ ယူဆရပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသား၊
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်နဲ့ အိန္ဒိယ နီးကပ်မှုမရှိရင် အမှောင်ဖုံးသွားနိုင်တယ်လို့ ဒုသမ္မတဂျေဒီဗန့်စ် သတိပေး

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
+++++++++++++++++++++++++ အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စွမ်းအင်နဲ့ ကာကွယ်ရေးပစ္စည်းတွေရောင်းချလိုကြောင်း ဒုတိယသမ္မတဂျေဒီဗန့်စ်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အင်္ဂါနေ့ကတွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ခါတလဲလဲ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်ပါမြို့ကို သွားရောင်းလည်ပတ်ရင်း ဂျေဒီဗန့်စ်က အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံအချို့ရဲ့ “တူညီခြင်းနဲ့
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 19 Views
ဧပြီလ (၂၃) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဖြစ်သော်လည်း သုညတော့ ဖြစ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်တွင် ဧပြီလ (၂၃) ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။ ထရန့်၏ မှတ်ချက်များသည် တရုတ်နိုင်ငံအပေါ်