နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့နယ်ပကဖကို မန္တလေး PDF ဖမ်းဆီးထားတဲ့အပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်

မြို့နယ်ပကဖကို မန္တလေး PDF ဖမ်းဆီးထားတဲ့အပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်

+++++++++++++++++++++++++++++++++++++++++

မေလ (၁၉) ရက်။

ပြီးခဲ့တဲ့ ဧပြီလ (၉) ရက်နေ့က မတ္တရာမြို့နယ်မှာ တိုက်နယ် (၃) ပကဖတာဝန်ခံ (၂) နဂါးညီနောင်အဖွဲ့ခေါင်းဆောင် ဦးသန်းကို လက်နက်အပြည်အစုံ ကိုင်ဆောင်ထားတဲ့ MDY PDF က ရဲဘော်မုန်တိုင်း ဦးဆောင်ပြီး အဖွဲ့ဝင် (၈)​ ဦးက ညှိနှိုင်းဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က ကိုမိုးစက်က ပြောပါတယ်။

အဲ့ဒီနောက်မှာ ခေါင်းဆောင်ဦးသန်းကို ဖမ်းဆီထားတယ်လို့ သတင်းရရှိတဲ့အတွက် အခြေအနေကို တိတိကျကျ စုံစမ်းဖို့ ခွဲမှူး (၈)ယောက် ထပ်မံလိုက်သွားခဲ့တယ်လို့ သိအပါတယ်။ အဲ့ဒီနောက်မှာလည်း ခွဲမူး(၈) ယောက်လုံးနဲ့ တစ်လကျော်လာတဲ့အထိ အဆက်အသွယ်မရတဲ့အတွက် နဂါးညီနောင်တိုက်နယ် (၃) ပကဖတာဝန်ခံ (၂) နဲ့ ဒေသခံတွေက မေလ (၁၇) ရက်နေ့က သူတို့ခေါင်းဆောင်နဲ့ ခွဲမှူးတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာပါ။

အဖွဲ့ခေါင်းဆောင် ဦးသန်းကို ဘာကြောင့် ဖမ်းဆီးသွားတာလဲလို့ ကိုမိုးစက်ကို ခေတ်မျက်လုံးကို မေးမြန်းတဲ့အခါ ညှိနှိုင်းဖို့ ရောက်ခေါ်ဆောင်သွားခဲ့တာလို့ ပြောပါတယ်။ အဲ့ဒီလို မဖမ်းခင်မှာ MDY PDF ရဲဘော်မုဆိုးက စာတစ်စောင်ကို ဖတ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီစာက ဘယ်လိုစာမျိုးလည်းဆိုတာတော့ ပထမပိုင်းမှာ မသိခဲ့ဘူး။ နောက်မှ လိုက်စုံစမ်းတော့ ဒလန်ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတာလို့ သိရပြီး အဲ့ဒီစာကို ခေတ်မျက်လုံးကို ပို့ပေးခဲ့ပါတယ်။

စာထဲမှာတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က စကားပင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်က အင်အား ၄၀ က ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ပြင်ဦးလွင်ခရိုင်တပ်ရင်းက တပ်ဖွဲ့ဝင် ၃ ဦးနဲ့ စကားပင်ကျေးရွာက ပြည်သူ (၅) ဦး စုစုပေါင်း (၈) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် စကားပင်ကျေးရွာက ပြည်သူ (၁၅) ဦးကို ဒလန်လို့ စွပ်စွဲပြီး ဒေသခံတော်လှန်ရေးအဖွဲ့တဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတ်ဖြတ်မှုကို မတ္တရာမြို့နယ်မှာ တိုက်နယ်အမှတ် (၃) တာဝန်ခံ ဦးသန်းတို့အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံပြည်သူတဦးက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို တိုင်တန်းလို့ ပူးပေါင်းဆောင်ရွက်ဖို့ ဖော်ပြထားပေမဲ့ ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ စကားပင်ကျေးရွာက လူ (၁၅) ယောက်ဟာ ဒလန်ဖြစ်တယ်ဆိုတာ သက်သေအထောက်အထားရှိတယ် ကျွန်တော်တို့ နဂါးညီနောင်အဖွဲ့တဖွဲ့တည်းက သတ်ဖြတ်တာ မဟုတ်ဘူး အဖွဲ့ပေါင်း ၁၅ ဖွဲ့ပါဝင်ပတ်သက်နေတာလို့ ကိုမိုးစက်က ပြောပါတယ်။ ကျွန်တော်တို့မှာ အပစ်ရှိရင်လည်း အပစ်ပေးလို့ ရပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်မှုကို လိုချင်လို့နဲ့ အပစ်မရှိတဲ့သူတွေဆိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ (၉) ယောက်ရဲ့ မိသားစုဝင်တွေနဲ့လည်း မတွေ့ရသလို ဆက်သွယ်လို့လည်း မရဖြစ်နေလို့ မိသားစုဝင်တွေအနေနဲ့လည်း စိတ်ပူနေကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဆော်လမွန်ကို ခေတ်မျက်လုံးက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် “ စုံစမ်းစစ်ဆေးမှုတွေ မပြီးသေးတဲ့အတွက် လတ်တလော ဖြေကြားဖို့ မရှိသေးပါဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အခုလို ဖမ်းဆီးထားတဲ့ကိစ္စကို MOD ဘက်က သိလား မသိလားဆိုတာကိုတော့ မသိရသေးပါဘူး။ MOD အတွင်းဝန် ဦးနိုင်ထူးအောင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ MOD ရဲ့ လက်အောက်က ပကဖတွေနဲ့ တပ်ရင်းတွေအကြား COC က ဘယ်လိုရှိနေမှန်းမသိလို့ မှတ်ချက်ပေးလို့ မရဘူးလို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 20 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 19 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 20 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 33 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ
မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA ဂိတ်၂ခုကိုဝင်ရောက်ဖမ်းဆီးသိမ်းပိုက် ပြီး လက်နက်တွေနဲ့စက်လတ်တလက်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့တာတွေကြောင့် အကောင်းထက်အဆိုးဖက်ကိုရှေးရှူနေတဲ့ ရှေ့ တော်လှန်ရေးအလားအလာကို
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 45 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်