နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်

နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။

အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့် ဂျက်လေယာဉ်ဆီအပေါ် မှီခိုနေရသော ဥရောပနှင့် အာရှရှိ လေကြောင်း လိုင်း များသည် ယခုအခါ လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်လျှော့ချခြင်းများ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားနေသည်။

အမေရိကန်ပြည်ထောင်စုသည် ဂျက်လေယာဉ်ဆီ ပြတ်လပ်မည့် အန္တရာယ်နှင့် ချက်ချင်း မကြုံတွေ့နိုင်သေးသော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ ဆီပြတ်လပ်မှုကြောင့် အမေရိကန် လေကြောင်းလိုင်းများအတွက် လောင်စာဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ၎င်းတို့သည် ဈေးနှုန်းချိုသာသော ခရီးစဉ်များနှင့် အမြတ်နည်းသော ခရီးစဉ်များကို လျှော့ချနေကြပြီး၊ ယင်းခြေလှမ်းသည် အထူးသဖြင့် နွေရာသီလများတွင် အမေရိကန် ခရီးသွားများအတွက် လေယာဉ်လက်မှတ်ခများကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။

အမေရိကန်နှင့် အီရန်တို့သည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်ဖွင့်ရန် ယနေ့တွင် သဘောတူညီမှု ရရှိခဲ့လျှင်ပင်၊ နွေရာသီခရီးသွားလာရေးအတွက် အခြေအနေမှာ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေကြောင်းလိုင်းများသည် လပေါင်းများစွာ ကြိုတင်၍ ခရီးစဉ်များနှင့် လက်မှတ်ဈေးနှုန်းများကို သတ်မှတ်ထား သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် United လေကြောင်းလိုင်းသည် လာမည့် ၆ လအတွင်း ၎င်းတို့၏ ကြိုတင်စီစဉ်ထားသော ခရီးစဉ်များ၏ ၅ ရာခိုင်နှုန်းခန့်ကို လျှော့ချလိုက်ပြီဖြစ်သည်။

လောင်စာဆီ ပုံမှန်ပြန်လည်ရရှိရန် လပေါင်းများစွာ ကြာမြင့်မည်ဖြစ်သောကြောင့် လေကြောင်းလိုင်းများနှင့် ခရီးသည်များသည် နွေရာသီနှောင်းပိုင်းအထိ (သို့မဟုတ် ထိုထက်မက) သက်သာရာရနိုင်ဦးမည်မဟုတ်ပေ။

“ အနည်းဆုံး ဇူလိုင်လလောက်အထိ ကြာပါလိမ့်မယ်” ဟု စွမ်းအင်အတိုင်ပင်ခံလုပ်ငန်း Kpler မှ အမေရိကန် အဓိကသုတေသနပညာရှင် မတ်စမစ် (Matt Smith) က ပြောကြားခဲ့ပြီး “ လက်ရှိအခြေအနေမှာ အကောင်းဆုံး မျှော်လင့်ချက်ထားပြီး ပြောတာပါ” ဟုသူက ဖြည့်စွက်ခဲ့သည်။

ဂျက်လေယာဉ်ဆီ ပြတ်လပ်ခြင်း၏ အဓိပ္ပာယ်

လောင်စာဆီစရိတ်သည် လုပ်သားစရိတ်ပြီးလျှင် လေကြောင်းလိုင်းများအတွက် ဒုတိယအကြီးမားဆုံး ကုန်ကျစရိတ်ဖြစ်သည်။ အလယ်တွင် လူသွားလမ်း တစ်လမ်းသာပါ သော (Single-aisle) စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်တစ်စင်းသည် တစ်နာရီလျှင် လောင်စာဆီ ဂါလံ ၈၀၀ ခန့် လောင်ကျွမ်းပြီး ကိုယ်ထည်ကျယ် (Widebody) လေယာဉ်ကြီးများသည် ထိုထက်ပင် ပိုမိုကုန်ကျသည်။

အမေရိကန်၏ အကြီးဆုံးလေကြောင်းလိုင်း လေးခုဖြစ်သော United, American, Delta နှင့် Southwest တို့သည် ယမန်နှစ်က လောင်စာဆီအတွက် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဒေါ်လာ သန်း ၁၀၀ ခန့် သုံးစွဲခဲ့ကြသည်။

စစ်ပွဲစတင်ကတည်းက ထိုကုန်ကျစရိတ်များသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ Delta လေကြောင်းလိုင်းသည် ၎င်း၏ကိုယ်ပိုင် ရေနံချက်စက်ရုံရှိသော်လည်း ယခုနှစ်တွင် လောင်စာဆီအတွက် အပိုဆောင်း ဒေါ်လာ ၂ ဘီလီယံ ကုန်ကျနိုင်ကြောင်း ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။ အခြေအနေများ မပြောင်းလဲပါက ယခုနှစ်တွင် လောင်စာဆီ အတွက် အပိုဆောင်း ဒေါ်လာ ၁၁ ဘီလီယံ ကုန်ကျနိုင်ကြောင်း United အမှုဆောင်စီအီးကို ဖြစ်သူ စကော့ကစ်ဘီ (Scott Kirby) က မတ်လတွင် ဝန်ထမ်းများကို ပြောကြားခဲ့သည်။

Deutsche ဘဏ် မှ အချက်အလက်များအရ ကာရစ်ဘီယံသို့ ပျံသန်းသည့် အမေရိကန် ခရီးစဉ်များကဲ့သို့ လူကြိုက်များသော အားလပ်ရက်ခရီးစဉ်များအတွက် လက်ငင်းလက်မှတ်ခ (Last-minute fares) များသည် ယခုလအစောပိုင်းထက် ၇၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ဟာဝိုင်ယီသို့ ပျံသန်းသည့် လက်မှတ်ခများသည် ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

အမေရိကန်လေကြောင်းလိုင်းများသည် ပြည်ပလေကြောင်းလိုင်းများလောက် ဆီပြတ်လပ်မှု ကို စိုးရိမ်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူနှင့် ဂျက်လေယာဉ်ဆီ အဓိကတင်ပို့သူတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။

သို့သော် Kpler မှ အချက်အလက်များအရ အခြားသော အဓိက ဂျက်လေယာဉ်ဆီ တင်ပို့သည့် နိုင်ငံများဖြစ်သော ကူဝိတ်နှင့် ဘာရိန်းတို့၏ ထုတ်ကုန်များသည် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ပိတ်မိနေသည်။ ယမန်နှစ်က ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းမှ တစ်ဆင့် ဂျက်လေယာဉ်ဆီ တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းကျော်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ရပြီး ယင်းတို့၏ သုံးပုံနှစ်ပုံကျော်မှာ ဥရောပသို့ သွားခြင်းဖြစ်သည်။

ကမ္ဘာ့ဂျက်လေယာဉ်ဆီ အများစုကို အာရှတွင် သန့်စင်ကြပြီး တောင်ကိုရီးယားသည် ကမ္ဘာ့နံပါတ်တစ် တင်ပို့သူဖြစ်သည်။ သို့သော် အာရှနိုင်ငံများက ဂျက်လေယာဉ်ဆီ ထုတ်လုပ်ရန် အသုံးပြုသော ရေနံစိမ်း အများစုမှာ အရှေ့အလယ်ပိုင်းမှ လာခြင်းဖြစ်သည်။

အာရှနိုင်ငံများသည် ဂျက်လေယာဉ်ဆီ တင်ပို့မှုကို ကန့်သတ်လာကြပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ညွှန်ကြားရေးမှူးချုပ် Willie Walsh က ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ ယင်းက အမေရိကန် ဂျက်လေယာဉ်ဆီဈေးနှုန်းအပေါ် ပိုမိုဖိအားဖြစ်စေနိုင်သည်။

ရေလက်ကြားသည် မကြာမီ ပြန်လည်ပွင့်သွားခဲ့လျှင်ပင် ပိတ်မိနေသော ရေနံနှင့် ဂျက်လေယာဉ်ဆီများ ဥရောပနှင့် အာရှရှိ ဝယ်ယူသူများထံ ရောက်ရှိရန် ရက်သတ္တ ပတ်ပေါင်းများစွာ ကြာဦးမည်ဖြစ်သည်။ စစ်ပွဲကြောင့် ရပ်တန့်သွားသော ရေနံနှင့် ဂျက်လေယာဉ်ဆီ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန် အချိန်ယူရမည်မှာလည်း အသေအချာပင်ဖြစ်သည်။

Spirit လေကြောင်းလိုင်း၏ ဈေးနှုန်းချိုသာသော ခရီးစဉ်များမှာ ပထမဆုံး ပျောက်ကွယ် သွားနိုင်သည်

မြင့်မားသော လောင်စာဆီဈေးနှုန်းများသည် အခက်အခဲကြုံနေရသော လေကြောင်းလိုင်း များအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။

ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော Spirit Airlines သည် လွန်ခဲ့သည့် ၁၈ လအတွင်း ဒေဝါလီခံရန် နှစ်ကြိမ်တိုင်တိုင် လျှောက်ထားခဲ့သည်။ စစ်ပွဲမစတင်မီ ရက်ပိုင်းအလိုကပင် ၎င်းသည် နွေရာသီတွင် ဒေဝါလီအခြေအနေမှ ပြန်လည်ထူထောင်ရန် အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။

သို့သော် လောင်စာဆီစရိတ် ရုတ်တရက် မြင့်တက်လာခြင်းသည် ရလဒ်များအပေါ် “ ချက်ချင်းနှင့် ကြီးမားသော ဆိုးကျိုးများ” သက်ရောက်နိုင်ကြောင်း၊ ချေးငွေပေးသူများနှင့် သဘောတူညီချက်များကို ပျက်ပြားစေကာ ကုမ္ပဏီကို ဖျက်သိမ်းရသည့်အခြေအနေသို့ တွန်းပို့နိုင်ကြောင်း အဆိုပါလေကြောင်းလိုင်းက မတ်လ ဘဏ္ဍာရေးအစီရင်ခံစာတွင် သတိပေးခဲ့သည်။

ဈေးချိုသော လက်မှတ်များ၏ အဓိကအရင်းအမြစ်ဖြစ်သော ခေတ်သစ်လျှော့ဈေး လေကြောင်းလိုင်းများသည် ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ဘဏ္ဍာရေးအရ ရုန်းကန်နေကြရသည်။

“ ဘဏ္ဍာရေးအရ အားနည်းသော လေကြောင်းလိုင်းများသည် ဤပေါင်းစပ်ဖိအားများကို ခံနိုင်ရည်မရှိဘဲ အကြွေးမဆပ်နိုင်ခြင်း (သို့မဟုတ်) ငှားရမ်းထားသော လေယာဉ်များကို စောစီးစွာ ပြန်လည်အပ်နှံခြင်းများ ပြုလုပ်လာနိုင်သည်” ဟု Fitch Ratings က ယခုလအစောပိုင်းတွင် သတိပေးခဲ့သည်။

ဈေးနှုန်းချိုသာသော လေကြောင်းလိုင်းများ စျေးကွက်အတွင်းမှ ပျောက်ကွယ်သွားပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေယာဉ်လက်မှတ်ခများ အလုံးအရင်းနှင့် မြင့်တက် လာနိုင်သည်။

အဓိက လေကြောင်းလိုင်းကြီးများသည် အမြတ်အစွန်း ပိုရသော ခရီးစဉ်များကိုသာ အာရုံစိုက်ပြီး ခရီးစဉ်များကို လျှော့ချနေကြပြီဖြစ်သည်။ ရရှိနိုင်သော ထိုင်ခုံအရေအတွက် နည်းပါးလာခြင်းကြောင့် ကျန်ရှိသော ထိုင်ခုံများသည် ရလဒ်အနေဖြင့် ပိုမိုဈေးကြီး လာဖွယ်ရှိသည်။

“ လောင်စာဆီစရိတ်တောင် မကာမိဘဲ ရှုံးမယ့် ခရီးစဉ်တွေကို ပျံသန်းနေဖို့ အကြောင်းမရှိ ပါဘူး” ဟု United ၏ CEO Kirby က ပြီးခဲ့သည့်လကုန်ပိုင်းတွင် Bloomberg သို့ ပြောကြားခဲ့သည်။

ယူတားပြည်နယ်၊ ဆော့လ်လိတ်စီးတီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီလ ၉ ရက်နေ့က United Airlines လေယာဉ်တစ်စင်းကို အလုပ်သမားတစ်ဦးမှ ဆီဖြည့်ပေးနေစဉ်။ Justin Sullivan/Getty Images

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Charles de Gaulle လေဆိပ်မှ Self-check in စက်များအား ဧပြီလ ၁၆ ရက်နေ့တွင် မြင်တွေ့ရစဉ်။ “ ဥရောပနိုင်ငံအတော်များများသည် လာမည့် ၆ ပတ်အတွင်း ဂျက်လေယာဉ်ဆီ ပြတ်လပ်မှုများနှင့် စတင်ရင်ဆိုင်ရနိုင်သည်” ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Nathan Laine/Bloomberg/Getty Images

၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့က ပါရီမြောက်ပိုင်း Roissy လေဆိပ်တွင် Airbus A350 တစ်စင်းအား ရေရှည်တည်တံ့သော လေကြောင်းလောင်စာဆီ (Sustainable aviation fuel) ဖြည့်တင်းပေးနေစဉ်။ Christophe Ena/AP/File

၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့က နီဗားဒါးပြည်နယ်၊ လားစ်ဗေးဂတ်စ်ရှိ Harry Reid အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသော လေယာဉ်များနောက်တွင် Spirit Airlines မှ Airbus A320 တစ်စင်း ပြေးလမ်းပေါ်၌ မောင်းနှင်နေစဉ်။ Kevin Carter/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 16 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 26 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး