နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

သထုံမြို့နယ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား (၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့

ဩဂုတ်လ (၁၉)ရက်။

ဩဂုတ်လ (၁၇)ရက်နေ့ နံနက် (၅)နာရီခွဲအချိန်က သထုံမြို့နယ်ရှိ ဘီးလင်းမြင်သာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ(၈)တပ်ရင်း လက်နက်ကြီးကုန်းစခန်းကနေ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကုန်းစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ဒေါရပ်ကျေးနယ်ရှိ တောင်ကလေးရွာနဲ့ ရွှေအင်ဒုံရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် တောင်ကလေးရွာ နတ်ကြီးချောင်အပိုင်းနေ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ နံနက် (၅)နာရီ (၂၀)မိနစ်အချိန်က တောင်ကလေးရွာရှိ မစောတံတားအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ တောင်ကလေးရွာရှိ ငါးထပ်ကြီးအပိုင်းနေ စောမောင်နိုင်ဆိုသူက ငါးပိုက်ဖော်ဖို့နေတုန်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ကာ သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၁၅)ရက်နေ့ကလဲ မူးမြိုနယ်နဲ့ လယ်ဒိုမြို့တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာတွေထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတို့ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 14 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 27 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 35 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 39 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 26 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က