နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

BNRA ကဆိုလို့ ရိုက်လိုက်တယ်ကွာ

စစ်ကိုင်းမှာ စစ်ရေးအရ ဦးဆောင်ဖို့ MOD နဲ့ညှိပြီး KIA က ပို့လိုက်တဲ့ ကချင်ဒူဂျွန်တွေ မြေပြန့်စစ်ကိုင်းမှာ နေရာရလာခဲ့ပါတယ် PDF တပ်ရင်းတွေကို သူတို့က ဦးဆောင်နေခဲ့ပါတယ်။ ပကဖတွေကလည်း ဒူဂျွန်တွေ ဘာလိုလဲ အားတက်သရော ပံ့ပိုးပေးကြ သူ့နယ်က ဒူဂျွန် ငါ့နယ်က ဒူဂျွန် ဒူကမ္ဘာတွေ မျက်နှာအောက်မကျရအောင် သူနယ်က အစားအသောက် အရက်သေစာ လိုလေသေးမရှိအောင်ပေးနိုင်တယ်ဆိုရင် ငါတို့နယ်က ဒူဂျွန်ကို ငါတို့က သူတို့ထက်သာအောင် ကားဝယ်ပေးမယ်နဲ့ အပြိုင်အဆိုင် ဖားကြတဲ့အခါ လူသားဒူဂျွန်တွေလည်း သာယာလာခဲ့ပြီး သူ့ကိုပြုစုတဲ့ပကဖတွေကို အလွန်ခင်မင်ယုံကြည်ခဲ့ရာက ပကဖတွေ လက်ညှိုးထိုးပြတဲ့‌ MOD လက်အောက်ခံ မဟုတ်တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ LDFတွေကို တဖက်စကားနဲ့ မျက်မုန်းကျိုးလာခဲ့ပြီး တိုက်ပေးရင် တိုက်ပေးသလို ဒေသခံတော်လှန်ရေးအဖွဲ့တွေကို ဝင်တိုက်တာတွေ သတ်ဖြတ်တာတွေကို ဦးဆောင် လုပ်လာခဲ့ပါတယ်။ BNRA က ဗိုလ်မျက်လုံးရဲ့ ရဲဘော်တယောက်ကို BNRA ကဆိုတာ သိတာနဲ့ ထိုးကြိတ်ကန်ကြောက်လုပ်ခဲ့တာကို ဗိုလ်မျက်လုံးက ဘာကြောင့် ဒီလိုလုပ်ရသလဲမေးတဲ့အခါ BNRAနဲ့ သဟဇာတမ ဖြစ်တဲ့အတွက် BNRA ကဆိုတာနဲ့ ရိုက်တာကွာဆိုပြီး‌ ပြောခဲ့သလို သူက မငြင်းနိုင်ဘဲ‌ ဝန်ခံခဲ့ရပြီး သူမှားပါတယ်လို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗိုလ်မျက်လုံးက အခုလို သူတို့ ကိုးကွယ်ဆည်းကပ်ထားတဲ့ ဒူဂျွန်ကို အရှက်တကွဲ ဖြစ်အောင် မေးရမလားဆိုပြီး ဗိုလ်မျက်လုံးကို ပကဖတွေ PDF တပ်ရင်းတွေနဲ့ လာဝိုင်းတဲ့အခါ ကျေးရွာပြည်သူတွေက ဝိုင်းဆန္ဒပြကြတာကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။ ဒီလိုကိစ္စတွေဟာ တော်လှန်ရေးအတွက် ရေရှည်မှာ ညီညွတ်ရေးပြိုကွဲနိုင်တဲ့အတွက် KIA နဲ့ NUG အဖွဲ့တွေက ကြပ်မတ်စွာ ထိန်းသိမ်းနိုင်ကြဖို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 7 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 6 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 25 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ