နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်မှာ သုံးဘီးနဲ့ လမ်းကင်းထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့

နိုဝင်ဘာလ (၁၉)ရက်။

မနေ့က နံနက် (၉)နာရီဝန်းကျင် ထားဝယ်မြို့မှာ သုံးဘီးနဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စကစတွေက ထားဝယ်မြို့ အိမ်ရှေ့ပြင်နဲ့ ဆင်ဆိပ်ရပ်ကွက်ကြား သုံးဘီးနဲ့ လမ်းကင်းထွက်လာတာကို ကြားဖြတ်ပစ်ခတ်ခဲ့တာ။ အဲ့ဒီမှာ (၁၅)မိနစ်လောက် အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သုံးဘီးနဲ့ လမ်းကင်းထွက်လာချိန် အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်ကားမှာ တိုက်ခိုက်ခံရပြီး (၁၅)မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာမှာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးသွားခဲ့သလို MA1 သေနတ် (၃)လက်၊ MA3 သေနတ် (၁)လက်၊ MA2 စက်ကလေး(၁)လက်၊ ကျည်ဘောက် (၁၅)ခု၊ အီကွေးန်းခါးပတ်(၁)ခုနဲ့ ဆက်စက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးအထူးအသိနဲ့ သတိပြုသွားလာနေထိုင်ကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။

နောက်ပြီး တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အတူ ပြည်သူနဲ့ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စလင်းမြို့ ခလရ(၂၅၃)က စစ်ကောင်စီတပ်သား(၂)ဦး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က စလင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၃)တပ်စခန်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင်(LPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်က မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မန်းခရိုင်ပကဖရဲ့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ ထပ်မံဗုံးကြဲခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၁၈)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဗုံးထပ်ကြဲသွားတာ။ အရပ်သားထိခိုက်သေဆုံးတာနဲ့
မြန်မာသတင်း

ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့ ဇန်နဝါရီလ (၂၇)ရက်။ ဗန်းမော်လေယာဉ်ကွင်းနဲ့ အနီးရှိ စစ်ကောင်စီရဲ့ စရဖရုံးတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ အခု
မြန်မာသတင်း

ရေကြည်မြို့မှာ အရက်သေစာသောက်စားပြီး ချောင်းထဲရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 4 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က ပုသိမ်ခရိုင် ရေကြည်မြို့ သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်ပြီး ရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ သီတာကုန်းပြင်က ချောင်းထဲ အရက်သောက်ပြီး ရေဆင်းကူးတဲ့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 7 Views
ဇန်နဝါရီလ (၂၇)ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတွေမှာ KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားတာတွေနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ သမိုင်းအစဉ်အလာအရဆိုရင်တော့ အခုနယ်မြေအငြင်းပွားနေတဲ့ ရှမ်းမြောက်က နေရာတွေက TNLA မပေါ်ခင်ကထဲက KIA
မြန်မာသတင်း

လေကြောင်းရန်ကာကွယ်တဲ့နည်းလမ်းတွေ လိုက်နာဖို့ TNLA အသိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 8 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ TNLA က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီလက်ထက် သတင်းသမား (၄၃)ဦး ဖမ်းဆီးခံထားရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ (၄)နှစ်တာကာလထဲ သတင်းမီဒီယာသမား (၄၃)ဦး အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ((IPCM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ သတင်းသမားဦးရေ (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲ သတင်းသမား အနည်းဆုံး (၃၀)ကျော်ကနေ အများဆုံး