နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မော်လမြိုင်ကျွန်းမြို့က စစ်ကောင်စီလက်ပါးစေ ရာအိမ်မှူးရဲ့သား စစ်တပ်ပေါ်တာဆွဲတာခံရပြီး သေဆုံးလျက်ပြန်တွေ့

နိုဝင်ဘာလ (၁၉)ရက်။

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့မှာ စစ်ကောင်စီလက်ပါးစေ ရာအိမ်မှူးတစ်ဦးရဲ့သားကို စစ်တပ်က ပေါ်တာဆွဲပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ လပြည့်နေ့ညက အုပ်မှူး မြင့်အေးအပိုင် ဖိုးသားအေးရွာကနေ နွားရေကျော်ရွာအထိ ဘုရားလှည့်အပူဇော်ခံတဲ့ညမှာ ရာအိမ်မှူး တင်ထွန်းရဲ့သား ပျောက်သွားတာ။ ကြားတာတော့ စစ်တပ်က ပေါ်တာဆွဲသွားတာဆိုပြီး သတင်းရတာကြောင့် လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး” လို့ ဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ညက ဖိုးသာအေးကျေးရွာကနေ နွားရေကျော်ရွာအထိ ဘုရားလှည့်ပူဇော်ခံချိန် စစ်ကောင်စီလက်ပါးစေ ရာအိမ်မှူး တင်ထွန်းရဲ့သား မောင်ကုလားဆိုသူဟာ စစ်တပ်ပေါ်တာဆွဲတာခံရပြီး ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

စစ်တပ်ရဲ့ ပေါ်တာဆွဲတာခံရတဲ့ ရာအိမ်မှူး တင်ထွန်းရဲ့သားကို ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန် လိုက်လံရှာဖွေခဲ့ရာမှာ မတွေ့ရှိခဲ့ဘဲ လပြည့်ကျော်(၃)ရက်နေ့ နိုဝင်ဘာလ (၁၈)ရက်နေ့မှာတော့ မော်ကျွန်း-ဘိုကလေး ကားလမ်းဘေးမှာ သေဆုံးနေတာကို ‌တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရာအိမ်မှူး တင်ထွန်းဟာ ဖိုးသာအေးရွာအုပ်ချုပ်ရေးမှူး မြင့်အေးနဲ့ပေါင်းပြီး ကျေးရွာထဲ ငွေတောင်းတာ၊ စစ်မှုထမ်းဖို့ လူစုတာနဲ့ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်တာတွေကို လုပ်ဆောင်နေသူလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သူဟာ စစ်ကောင်စီတပ်အပါအဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပေါင်းပြီး ပေါ်တာဆွဲတာနဲ့ ရွာသားတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် လူမုန်းများသူတစ်ဦးဖြစ်တယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြို့ရှိ အာယုတောင်ရွာက အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 0 Views
နိုဝင်ဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်က ရေးမြို့ရှိ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက် အကျဉ်းထောင်ထဲ နိုင်/ကျဉ်း (၁၀၈)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 0 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 0 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။ “ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို
မြန်မာသတင်း

ကျွန်းလှမြို့ထဲ စစ်ကောင်စီက (၃)ရက်ဆက်တိုက် မီးရှို့တာနဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံ (၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၀)ရက်နေ့ကစပြီး (၂၂)ရက်နေ့အထိ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့တာ၊ လေကြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတို့ ပြုလုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ကိုယ်စား စစ်ကောင်စီရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောအခြေစိုက်တပ်စခန်းဟာ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နဲ့
မြန်မာသတင်း

NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက အမည်မည်းစာရင်းသွင်းပြီး နိုတြီပြုလုပ်ပေးသူ (၃)ဦးကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
နိုဝင်ဘာလ (၂၂)ရက်။ NUG က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီး (၂)ဦးကို စစ်ကောင်စီက Black List(အမည်မည်းစာရင်း)သွင်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မဆုပြည့်မျိုးသက်နဲ့ မသဉ္ဇာထက်တို့ဟာ ဆေးတက္ကသိုလ်(မန္တလေး)က သင်တန်းကို
မြန်မာသတင်း

ရေဦးမြို့မှာ ပျူစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ၊ (၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်မှာ ရေဦးမြို့ရှိ ထွေအုပ်ရုံးထဲ ပျုစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦး PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွေအုပ်ရုံးထဲ ပျူစောထီးတွေ သင်တန်းဆင်းနေချိန် ရွှေဘိုခရိုင်