နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

လိုင်ကျင်းတီသည် ထိုင်ဝမ်သမ္မတအဖြစ် တနင်္လာနေ့တွင် ကျမ်းသစ္စာကျိန်ဆို

လိုင်ကျင်းတီသည် ထိုင်ဝမ်သမ္မတအဖြစ် တနင်္လာနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ကျွန်း၏အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အတွက် သမိုင်းဝင် တတိယမြောက်သက်တမ်း စတင်သည့် အထိမ်းအမှတ်အနေဖြင့် အာဏာရှင်စနစ်နှင့် အုပ်ချုပ်နေသောတရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများတိုးပွားလာသည့်ကြားမှ နှစ်ပေါင်းများစွာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ အသက် ၆၄ နှစ်ရှိ ဆရာဝန်ဟောင်းလိုင်သည် မကြာသေးမီက ထိုင်ဝမ်၏ အမေရိကန်နိုင်ငံဆိုင်ရာ ထိပ်တန်းသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုသမ္မတအသစ် ရှောင်ဘိုင်ကင်မ် (Hsiao Bi-khim) နှင့်အတူ ကျမ်းသစ္စာ ကျိန်ဆို ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးစလုံးနှင့် ၎င်းတို့ပါတီသည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို သိမ်းပိုက်ရရှိခဲ့သည့်အတွက် ဘေဂျင်းက ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ တရုတ်၏ အာဏာရကွန်မြူနစ်ပါတီကမူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းတွင်ရှိ ဒီမိုကရေစီသည် တရုတ်၏နယ်မြေပိုင်နက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းကျွန်းကိုတရုတ်က ထိန်းချုပ်ထားခြင်းမရှိသော်လည်း လိုအပ်ပါက အင်အားသုံး၍ ကျွန်းကို သိမ်းယူမည်ဟု ကတိပြုထားသည်။ လိုင် သည် သူအရင် ၈နှစ်ကြာ တိုင်ဝမ်သမတအဖြစ် တိုင်ဝမ်ကျွန်း၏ နိုင်ငံတကာရပ်တည်မှုနှင့် အသိအမှတ်ပြုမှုကို အားကောင်းစေခဲ့သော DPP ပါတီ၏ ရှေ့ပြေးခေါင်းဆောင်ဆိုင်အင်ဝင်း (Tsai Ing-wen) ၏ အမွေကို ဆက်ခံရယူထားသည်။

တနင်္လာနေ့နှောင်းပိုင်းတွင် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုမှုမိန့်ခွန်းတွင် လိုင်သည် ကျွန်း၏ပထမဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ်သည့် ဆိုင်အင်ဝင်းချမှတ်ထားသည့်အခြေခံအုတ်မြစ်များ အပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို လိုလားသည့်အကြောင်း သတင်းစကားကို တရုတ်နိုင်ငံသို့ ရည်ညွှန်းပြီး တရုတ်နှင့် ချစ်ကြည်ရေး ဖော်ဆောင်ရန်လည်း မျှော်လင့်ထားသည်။

လိုင်သည် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် အတိုက်အခံ ကူမင်တန်ပါတီနှင့် ထိုင်ဝမ်ပြည်သူ့ပါတီတို့၌ ပြိုင်ဘက်များအပေါ် အောင်ပွဲခံကာ စားဝတ်နေရေးပြဿနာများနှင့် ၎င်း၏အင်အားကြီးမားသော အိမ်နီးချင်း အာဏာရှင်နိုင်ငံကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ကို ခက်ခဲသော မေးခွန်းများ ထုတ်ခြင်းကို ခံခဲ့ရသည်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်နိုင်ငံသည် ပိုမိုအားကောင်းလာပြီး ရန်လိုလာနေခဲ့သည်။

DPP ပါတီ၏ ပြန်လည်ရွေးကောက်ခံရမှုသည် ပဋိပက္ခ ဖြစ်နိုင်ခြေကို တိုးမြင့်စေမည်ဟု ဘေဂျင်းမှ သတိပေးချက်များကို မဲဆန္ဒရှင်များက မမှုကြောင်းပြသခဲ့ကြသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို ခုခံကာကွယ်ရန်နှင့် ဘေဂျင်းမှ စီးပွားရေးအရ ဒဏ်ခတ်ခြင်း သို့မဟုတ် စစ်ရေးအရ ခြိမ်းခြောက်ခြင်း ကာကွယ်ရန်အတွက် ထိုင်ဝမ်သည် ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးကို နက်ရှိုင်းအောင် မြှင့်တင်သင့်သည်ဟု DPP က ရှုမြင်သည်။ ရွေးကောက်ပွဲရလဒ်ကို ကြေညာပြီးနောက် ၎င်း၏အနိုင်ရမှုသည် “ဒီမိုကရေစီ အသိုက်အဝန်းအတွက် အောင်ပွဲ”ဟု လိုင်ကိုယ်တိုင်က ယင်းအမြင်ကို ပိုမိုအားပေးခဲ့သည်။

စကားပြောပျော့ပျောင်းသော နိုင်ငံရေးဝါရင့်တစ်ဦးဖြစ်သည့် လိုင်သည် DPP ၏ အစွန်းရောက်ဝါဒီတစ်ဦး ဖြစ်ပြီး တစ်ချိန်က ထိုင်ဝမ်လွတ်လပ်ရေးကို ပွင့်လင်းမြင်သာစွာ ထောက်ခံသူဖြစ်ခဲ့ကာ ဘေဂျင်းအတွက် အနီရောင်အဆင့် သတိထားရမည့်သူ ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ လွန်ခဲ့သော ခြောက်နှစ်က ၎င်း၏အမြင်များသည် တရုတ်ကိုခွင့်မလွှတ်နိုင်သည့်ဒေါသကို ဖြစ်စေခဲ့သော်လည်း၊ သူ့ကိုယ်သူ “ တိုင်ပေလွတ်လပ်ရေးအတွက် လက်တွေ့ကျသော အလုပ်သမားတစ်ဦး” ဖြစ်သည်ဟု သူကရည်ညွှန်းပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကို ဦးဆောင်လာချိန်တွင် တရုတ်အာဏာပိုင်များသည် လိုင်ကို ဆန့်ကျင်သည့်အနေဖြင့် ပဋိပက္ခကိုလှုံ့ဆော် ပေးသည့် သဘောဖြင့် “ငြိမ်းချမ်းရေးနှင့်စစ်ပွဲ” အကြား ဘယ်အရာကို ရွေးချယ်မလဲဟု ထပ်ခါတလဲလဲ လှုံဆော်ခဲ့သည်။ လက်ရှိအနေအထားကို နှစ်သက်သဘောကျကြောင်း လိုင်ကပြောဆိုပြီး “ထိုင်ဝမ်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်နေပြီ” ဟုကြွေးကြော်ကာ ယခုအချိန်တွင် လွတ်လပ်ရေးကြေညာရန် အတွက် “မလိုအပ်ကြောင်းနှင့် အစီအစဉ်လည်းမရှိ ကြောင်း” ပြောကြားခဲ့သည်။

တိုင်ဝမ်လွတ်လပ်ရေးမကြေညာရန် တမင်ပျော့ပျောင်းသော ရပ်တည်ချက်သည် ပထမအမျိုးသမီးသမတဖြစ်သူ ဆိုင်အင်ဝင်းသည် နှစ်ကြိမ်ထက် သမတအဖြစ်အရွေးခံခွင့်မရှိသော သက်တမ်း ကန့်သတ်ချက်များကြောင့် လိုင်က ဆက်ခံခဲ့ပြီး ပထမသမတ၏ ရပ်တည်ချက်ကို အတုယူထားသည်။

ရှီကျင်းဖျင့် တရုတ်နိုင်ငံတွင် အာဏာရလာကတည်းက ဆယ့်နှစ်နှစ်တာကာလအတွင်း ရှီ၏လက်နက်အင်အားနည်းဗျူဟာများအောက်တွင် ထိုင်ဝမ်လူထုသည် တရုတ်နှင့်ဝေးရာသို့ ဆုတ်ခွာသွားခဲ့သည်။ ယခု ၁၀% ထက်နည်းသောလူထုသည် တရုတ်နှင့် ချက်ချင်း သို့မဟုတ် နောက်ဆုံးတွင် ပေါင်းစည်းရေးကို ထောက်ခံပြီးလူထု၏ ၃% အောက်ကသာ မိမိကိုယ်ကို တရုတ်ဖြစ်သည်ဟု သတ်မှတ်လက်ခံသည်။

ထိုင်ဝမ်အများစုသည် လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုကြပြီး ဘေဂျင်း၏ အုပ်ချုပ်မှုကို ခံယူလိုသည့် ဆန္ဒမရှိကြပေ။

တချိန်တည်းမှာပဲ ဘေဂျင်းက ထိုင်ဝမ်ကို သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဖိအားပေးမှုတွေ အရှိန်မြှင့်လိုက်ပါသည်။ မဲဆန္ဒရှင်များအား ခြိမ်းခြောက်ရန်တရုတ်က ထိုင်ဝမ်ကမ်းလွန်ရေပြင်အတွင်းသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုများသည် ၁၉၉၆ ခုနှစ်ကတည်းကထက် အမြင့်ဆုံးဖြစ်ခဲ့သည်။

တိုင်ဝမ်သည် ၎င်း၏ကိုယ်ပိုင်အာဏာရှင်စနစ်မှ ဆယ်စုနှစ်များစွာ အခြေတည်ထားသော ဒီမိုကရေစီစနစ် ပေါ်ပေါက်လာခဲ့ပြီး မဲပေးမည့် မဲဆန္ဒရှင်များအား ကျွန်း၏ ပထမဆုံး လွတ်လပ်သော သမ္မတရွေးကောက်ပွဲမတိုင်မီ ခြိမ်းခြောက်ရန် ထိုင်ဝမ်ကမ်းလွန်ရေပြင်အတွင်းသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။

လိုင်သည် တရားဝင်သမတအဖြစ်တာဝန်ယူလာသည်နှင့်အမျှ တိုင်အင်ဝင်းသမတအဖြစ် တက်လာပြီးကတည်းက ဖြတ်တောက်ထားသည့် ပေကျင်းနှင့်တိုင်ပေကြား တရားဝင်ဆက်သွယ်မှုမှာ ပြန်လည်စတင်နိုင်ဖွယ်မရှိကြောင်း ဆွေးနွေးပွဲအတွက် ၎င်း၏ကမ်းလှမ်းချက်ကို တရုတ်က အကြိမ်ကြိမ် ပြစ်တင်ရှုံ့ချကာ အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် ရှုတ်ချခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ