နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒိုက်ဦးထောင်မှာ အင်အားသုံးရိုက်နှက်ခံရတာကြောင့် နိုင်/ကျဉ်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့

ဩဂုတ်လ (၂၀)ရက်။

မနေ့က နေ့လယ် (၃)နာရီခွဲခန့်မှာ ဒိုက်ဦးအကျဉ်းထောင်ထဲကို ထောင်၀န်ထမ်းအမျိုးသား၊ အမျိုးသမီး (၅၇)ဦးခန့်ဟာ အမျိူသမီးအဆောင်ထဲ လေးခွ၊ နံပါတ်တုတ်၊ ကျင်စက်တို့နဲ့ ၀င်ရောက်ကာ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ခေါ်ဆောင်သွားခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခေါ်ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူဟာ ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မိသားစုဧည့်တွေ့ကနေ ပါလာတဲ့ပစ္စည်းထဲ တရားမ၀င်ပစ္စည်း သယ်ဆောင်လာတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လာရောက်ခေါ်ဆောင်တာလို့ ဆိုပါတယ်။

လာရောက်ခေါ်ဆောင်ချိန် အတင်းအဓမ္မ အင်အားသုံးခေါ်ဆောင်တဲ့အတွက် နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်‌ဘူးလို့ ရှင်းပြတာကို (၂)ပွင့်အရာရှိ အမျိုးသမီး၀န်ထမ်းဆိုသူ စန်းနွယ်ဦးက အမျိုးသား၀န်ထမ်းတွေကို အတင်းအဓမ္မ အခန်းထဲကနေ ခေါ်ထုတ်ခိုင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

အမျိုးသား၀န်ထမ်းတွေက ခေါ်မထုတ်တဲ့အတွက် စန်းနွယ်ဦးက အမျိုးသမီးဆောင်ထဲထိ၀င်ပြီး နိုင်ငံရေးအကျဉ်းသူရဲ့ ဆံပင်ကိုဆွဲကာ ရိုက်နှက်ခေါ်ဆောင်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုလို ဥပဒေမဲ့ခေါ်ဆောင်တဲ့အပေါ် လက်မခံနိုင်တဲ့ နိုင်ငံရေးအကျဉ်းသူတွေက ကြား၀င်ဖြေရှင်းပေးတာကို ၀န်ထမ်းတွေက ခေါ်ဆောင်တာကို ကာကွယ်ပေးတယ်ဆိုပြီး အခြားနိုင်ငံရေးအကျဉ်းသူတွေကိုပါ ၀န်ထမ်းအင်အား (၅၀)ခန့်က ဝိုင်း၀န်းရိုက်နှက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလိုရိုက်နှက်ခံရတဲ့အတွက် နိုင်ငံရေးအကျဉ်းသူ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်နဲ့ လုံခြုံရေး အထူးစိုးရိမ်နေရကာ ရိုက်နှက်ခံရသူတွေဟာ ကျိုက်မရောနဲ့ အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံရသူတွေလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို