နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီညွှန်ကြားတဲ့ မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးလုပ်ဆောင်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

စက်တင်ဘာလ (၂၀)ရက်။

စစ်ကောင်စီညွှန်ကြားထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိကအကျိုးဆောင်တွေကို အရေးယူမယ်လို့ NUG အလုပ်သမား၀န်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံလစာဝင်ငွေထဲက (၂၅)ရာခိုင်နှုန်းကို မိသားစုလွှဲပို့ငွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေကနေ လွှဲပို့ဖို့ အမိန့်ထုတ်ပြန်ထားပြီး အေဂျင်စီတွေက ကြီးကြပ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီအမိန့်ကြေညာစာထဲ ငွေလွှဲပို့တာတွေကို အေဂျင်စီတွေနဲ့ စစ်ကောင်စီလက်အောက်ရှိ အဖွဲ့တွေဆီ လစဉ်စာရင်း ပေးပို့ဖို့နဲ့ ပျက်ကွက်ရင် ပြည်ပထွက်ခွင့် ပိတ်တာ၊ OWIC ကဒ် မထု‌တ်ပေးတာနဲ့ ပတ်စ်ပို့သက်တမ်းမတိုးတော့တာတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်ထားပါတယ်။

ဒီလိုလုပ်ရပ်ဟာ ၁၉၉၉ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပါ အေဂျင်စီတွေနဲ့ အလုပ်သမားတွေရဲ့ တာဝန်တွေမှာ ပြဋ္ဌာန်းထားတာ မရှိတာကြောင့် ဥပဒေကို ကျော်လွန်ကာ မတရားဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG က ဖော်ပြထားပါတယ်။

နောက်ပြီး အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်၀တ်မှာ အလုပ်သမားရဲ့ ပြည်ပလစာငွေလွှဲပို့တာမှာ အေဂျင်စီတွေက ကြီးကြပ်ဖို့ တာ၀န်ရှိတယ်ဆိုတာကို ဖော်ပြမပါရှိဘဲ အလုပ်သမားရဲ့ ဆန္ဒမပါဘဲ ငွေလွှဲပို့ရမယ်လို့ ဖိအားပေး ချုပ်ဆိုတာဟာ မတရားတဲ့ အမိန့်၊ ညွှန်ကြားချက်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် လိုင်စင်ရ အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်ပတွင်းမှာသာမက ပြည်ပရောက် နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ ပါ၀င်လိုက်နာတာ လုံး၀မပြုလုပ်ဖို့လဲ သတိပေးထားပါတယ်။

ဒါ့အပြင် ILO အပါအ၀င် နိုင်ငံတကာအဖွဲ့တွေအနေနဲ့လဲ စစ်ကောင်စီရဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ နိုင်ငံသားတွေအပေါ် နည်းမျိုးစုံနဲ့ ချိုးဖောက်ဖိနှိပ်တာတွေကို တားမြစ်ပေးဖို့နဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ