နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

နိုဝင်ဘာလ (၂၀)ရက်။

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။

အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တရုတ်က လိုအပ်မယ့် အကူအညီတွေ ထောက်ပံ့ပေးသွားမယ်ဆိုတာနဲ့ သန်းခေါင်စာရင်းကောက်ယူတာမှာ ကူညီပေးမယ့်အခြေအနေတွေကိုလဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ထောက်ခံအားပေးပြီး မြန်မာ့နိုင်ငံရေး တည်ငြိမ်စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်တာတို့ကို ထပ်မံအတည်ပြုပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေကာ အဲ့ဒီရွေးကောက်ပွဲမှာ Myanmar Electronic Voting Machine စနစ်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး လုံခြုံရေးကြောင့် ရွေးကောက်ကို အပိုင်းလိုက် ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ အားလုံးမပါဝင်နိုင်တာကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘဲ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 4 Views
နိုဝင်ဘာလ (၂၀)ရက်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 7 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူ (၆)ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 3 Views
နိုဝင်ဘာလ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာခံရသူ (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ဒေါနတပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၆)ဦးထဲက တစ်ဦးဟာ MA1 (၁)လက်၊ ကျည်ဘောက် (၃)ဘောက်၊ ကပစကျည်
မြန်မာသတင်း

ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 3 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က PNLO နယ်မြေထဲ ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ နံနက်ပိုင်းကစပြီး အကြောင်းအရင်းမရှိဘဲ
မြန်မာသတင်း

သခင်ဘဟိန်းကျဆုံးတဲ့ (၇၈)နှစ်ပြည့် မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှုပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ သခင်ဘဟိန်း ကျဆုံးတာ (၇၈)နှစ်ပြည့်တဲ့နေ့ မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လူထုလှုပ်ရှားမှုကို စစ်ကောင်စီတပ်တွေ အမြဲ သောင်းကျန်းမင်းမူနေတဲ့နေရာဖြစ်တဲ့ အာဇာနည်ဗိမာန်ထဲက သခင်ဘဟိန်းရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ ဂုဏ်ပြုဦးညွတ်တာနဲ့အတူ
မြန်မာသတင်း

(၁၅)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၇)ဦးသေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 3 Views
နိုဝင်ဘာလ (၁)ရက်။ အခုလ နိုဝင်ဘာ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ ဖာပွန်ခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ KNLA တို့အကြား တိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU-မူတြော်ခရိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 2 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆမ္မဆယ်ရွာက ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက
မြန်မာသတင်း

အခုနှစ်ကုန်မှာ သန်းခေါင်စာရင်း အပြီးကောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 7 Views
နိုဝင်ဘာလ (၂၀)ရက်။ အခုနှစ်ကုန်ပိုင်းမှာ သန်းခေါင်စာရင်းကို အပြီးသတ်ကောက်ယူမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သန်းခေါင်စာရင်းကောက်တာကို စစ်ကောင်စီက အောက်တိုဘာလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ သတ်မှတ်ခဲ့ပေမယ့်