ဇွန်လ (၂၁)ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကူညီသွားမယ်လို့ တီမောလက်စ်တီသမ္မတ Jose Ramos Horta က NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ NUG ကို ကူညီဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ အထူးသဖြင့် NUG ရဲ့ သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့်ကျက်နိုင်မှုကို ပိုမိုအားကောင်းစေဖို့အတွက် အသိပေးဆောင်ရွက်သွားမယ်” လို့ သူက ဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံချိန်မှာ NUG ဝန်ကြီးက မြန်မာပြည်သူတွေနဲ့ မြန်မာ့တော်လှန်ရေးရဲ့ ကိုယ်စား အသိပေးဆောင်ရွက်ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတာကို အသုံးသတ်စေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေဖို့အတွက် စီးပွားရေးအရ ပိတ်ဆို့တာတွေနဲ့ သံတမန်ရေး ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
NUG စိုးမိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေ ပိုမိုကျယ်ပြန့်လာတာ၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်တွေမှာ လူသားချင်းစာနာမှုအကူအညီတွေကို ထောက်ပံ့ပေးတာနဲ့ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေကို NUG ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အဲ့ဒီတွေ့ဆုံပွဲထဲ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ကိုလဲ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၁၈)ရက်နေ့က တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ မြို့တော် Dili ရှိ သမ္မတနန်းတော်မှာ သမ္မတ Jose Ramos Horta က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။