နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်ရှောင်ပြည်သူ (၁)သန်းကျော်အထိရှိလာပြီလို့ KNU ထုတ်ပြန်

ဇွန်လ (၂၁)ရက်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် မေလအထိ ကော်သူးလေနယ်မြေထဲ စစ်ဘေးရှောင်ပြည်သူ (၁၀၇၈၅၀၅)ဦးအထိရှိလာခဲ့ပြီလို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူ (၁)သန်းကျော်ရှိတဲ့အထဲက KNU အနေနဲ့ ပြည်သူလူထု စုစုပေါင်း (၆)သိန်းကျော်ကို ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူလူထုတွေအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိအောင် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ကော်သူးလေနယ်မြေထဲက ညောင်လေးပင်ခရိုင်မှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၄၉၄၅၉၀)ဦးအထိ အများဆုံးရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဒူးပလာယာခရိုင်မှာ (၁၅၄၃၃၀)ဦး၊ ဒူးသထူခရိုင်မှာ (၁၄၃၅၂၉)ဦး၊ ဘိတ်-ထားဝယ်ခရိုင်မှာ (၁၀၀၈၇၃)ဦး၊ တောင်ငူခရိုင်မှာ (၈၃၂၃၈)ဦး၊ မူတြော်ခရိုင်မှာ (၇၈၈၇၉)ဦးနဲ့ ဘားအံခရိုင်မှာ (၂၃၀၆၆)ဦးတို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU နယ်မြေထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလဲ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 9 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 11 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က
မြန်မာသတင်း

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 10 Views
ဒီဇင်ဘာလ (၈)ရက်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 13 Views
ဒီဇင်ဘာလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ နှစ်နိုင်ငံကုန်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်ဖို့ နယ်စပ်‌ဒေသတည်ငြိမ်ရေး
မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 33 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို  ဆွေး‌နွေး တင်ပြကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ (၇)ရက်နေ့မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့ကသူတို့အမြင်များကို
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 62 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲစတင်ခဲ့တဲ့နေ့ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 47 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 34 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး